အိုဒီဂတ်နဲ့ပတ်သက်လို့ အာတီတာလည်း ချီးကျူးခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ဟာ နောက်ပိုင်းပွဲစဥ်တွေမှာ အာဆင်နယ်အတွက် အထူးခြေစွမ်းပြ ကစားနေပြီး ပရီးမီးယားလိဂ်ရဲ့ ခေတ်သစ် ဒေးဗစ်ဆေးလ်ဗားအဖြစ်တောင် နှိုင်းယှဥ်ချီးကျူးခံနေရပြီဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ရီးရဲယ်မက်ဒရစ်ကနေ အာဆင်နယ်ကို ကနဦး အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့တာပါ။



ပြီးခဲ့တဲ့နွေရာသီမှာတော့ အသင်းကို အပြီးသတ် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆) ပွဲမှာ (၃) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။ အာဆင်နယ်နဲ့ ပတ်သက်လာရင် ဆာကာ၊ စမစ်ရိုး၊ မာတီနယ်လီတို့ကို ချီးကျူးရင်း၊ အူဘာမီးယန်းကိစ္စကို အာရုံစိုက်ရင်းနဲ့ပဲ အားလုံးက အိုဒီဂတ်ကို မေ့လျော့နေကြတာပါ။  

ဒါပေမယ့် အိုဒီဂတ်ကတော့ ဖြည်းဖြည်းမှန်မှန်နဲ့ပဲ သူ့ရဲ့ ပုံမှန်ခြေစွမ်းကို ပြသနေပြီး အခုလိုပဲ ဒေးဗစ်ဆေးလ်ဗားနဲ့ပါ နှိုင်းယှဥ်ခံနေရတာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း အာဆင်နယ်နည်းပြ အာတီတာက အခုလိုပဲ ဖွင့်ဟခဲ့သေးတာပါ။

အာတီတာက “ဒေးဗစ်ဆေးလ်ဗားက နာမည်ကြီးပဲဗျ။ ကျနော့်အမြင်ကို ပြောရရင် ဒေးဗစ်ဆေးလ်ဗားက နောက်ဆုံးနှစ် (၂၀) အတွင်း အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတယောက်တောင် ဖြစ်ခဲ့တာပါ။ အိုဒီဂတ်ကလည်း အရည်အချင်းအများကြီးရှိပြီး ကျပ်တည်းနေတဲ့ အနေအထားတွေကို ကောင်းကောင်းဖြည်ထုတ်နိုင်ပါတယ်”

“ပြီးတော့ အသင်းဖော်တွေအတွက်လည်း နေရာလွတ်တွေကို ကောင်းကောင်းရှာဖွေပေးနိုင်ပါတယ်။ သူခြေစွမ်းပြနေတာနဲ့ ပတ်သက်လို့ ကျနော် တကယ်ကို ပျော်ရွှင်မိပါတယ်။ အခုဆို သူက ဂိုးပေါက်ခြိမ်းခြောက်မှု ပြုလုပ်နိုင်တဲ့အပိုင်းမှာပါ တော်တော်လေး ကောင်းမွန်လာတာပါ”


ဆက်စပ်အကြောင်းအရာများ

Share

က္က