အမေရိကန် App Store မှာ ဒေါင်းလုပ်ဆွဲမှုအမြင့်ဆုံး app ဖြစ်သွားတဲ့ တရုတ် AI Chatbot တော့ ဆိုက်ဘာတိုက်ခိုက်မှု ခံလိုက်ရပါတယ်။

ဒီတစ်ပတ်ထဲ အကြီးအကျယ် ပေါက်သွားတဲ့ DeepSeek chatbot က အဖျက်အမှောင့်တိုက်ခိုက်မှု အများကြီးကြုံပြီး ယာယီ ပြတ်တောက်ခဲ့တာပါ။ ဆိုက်ဘာတိုက်ခိုက်မှုတွေ ကြုံပြီးနောက် users သစ် စာရင်းသွင်းမှုလည်း ယာယီကန့်သတ်လိုက်ရပါတယ်။

အကောင့်ရှိပြီးသားသူတွေ သုံးလို့ရပေမယ့် log in ဝင်ဖို့ ပုံမှန်ထက် ကြာခဲ့တယ်လို့လည်း ဆိုပါတယ်။ DeepSeek က ဒီတနင်္လာနေ့မှာကို အမေရိကန် Apple App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး free app နေရာမှာ အမေရိကန် chatbots တွေ ဖြစ်တဲ့ OpenAI ထုတ် ChatGPT , Google ရဲ့ Gemini နဲ့ တခြား apps တွေကို ကျော်တက်ခဲ့တဲ့ app ပါ။

DeepSeek က ကုမ္ပဏီထောင်တာ တစ်နှစ်သာသာပဲ ရှိသေးပေမယ့် AI လောကကို အထိတ်တလန့်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဈေးကွက်ထဲ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ DeepSeek က AI train ဖို့ စရိတ်တော်တော် သက်သာခဲ့သလို တွက်ချက်မှုစွမ်းရည် Benchmark မှာလည်း တခြား ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ခဲ့တာပါ။

ကုမ္ပဏီက ထုတ်တဲ့ R1 model က open-source ထဲမှာ OpenAI ရဲ့ o1 ကိုတောင် ယှဉ်ဖိုက်နိုင်ပါတယ်။ သင်္ချာနဲ့ ကုဒ်စွမ်းရည် အပြင် reasoniing ပိုင်းမှာလည်း DeepSeek ကို ချီးကျူးရပါတယ်။



အမေရိကန်ဘက်က အဆင့်မြင့် chip တင်ပို့မှု တင်းကြပ်ထားတဲ့ကြားက ထွက်လာတဲ့ ဒီ Chatbot အတွက် လေ့ကျင့်ရေးအသုံးစရိတ် ၅.၆ သန်းပဲ ရှိမယ်လို့ တွက်ထားကြပါတယ်။ ဒါက L1ama ကို Meta train တဲ့ စရိတ်ရဲ့ ၁၀% တောင် ရှိတာာ မဟုတ်ပါဘူး။ အမေရိကန် AI ကုမ္ပဏီတွေ ဒါမျိုး AI assistant ဖန်တီးဖို့ ဘီလျံနဲ့ချီ သုံးနေချိန်မှာ DeepSeek က ဒေါ်လာ ၆ သန်းတောင် မပြည့်ဘဲ ဖန်တီးသွားတာပါ။

DeepSeek ထွက်လာပြီးနောက် အမေရိကန်နည်းပညာစတော့တွေ ကမောက်ကမဖြစ်ကုန်ပါတယ်။ အနီးဆုံး ပြောရရင် AI Chipmaker ကြီး Nvidia ဆို စတော့တန်ဖိုး ၁၃.၆% ထိုးကျသွားပြီး ဈေးကွက်တန်ဖိုး ဘီလျံ ၅၀၀ ကျော် လစ်သွားပါတယ်။ DeepSeek ကတော့ တော်တော်ကြမ်းနေပြီလို့ ပြောရမှာပါ။

Share

Loading Next Article...
က္က