ကွင်းအနေအထားက ဆိုးရွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ အင်္ဂလန်တို့ရဲ့ ယူရိုအုပ်စုပွဲစဉ်မှာ ဝေါ်လ်ကာတစ်ယောက် ဒဏ်ရာအပြင်းအထန်ရမယ့်အရေးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ကွင်းအနေအထားက တော်တော်လေး ဆိုးရွားခဲ့ပါတယ်။



နှစ်ဖက်ကစားသမားတွေ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒီဒဏ်ကို အသိသာဆုံး ခံစားခဲ့ရတာက ဝေါ်လ်ကာဖြစ်ပါတယ်။ တိုက်စစ်လိုက်ပါရင်း ဘောလုံးပေးပို့နေချိန်မှာ သူ့ခြေထောက်က ချော်သွားပြီး လဲကျခဲ့တာပါ။

ရုပ်သံအနှေးပြကွက်တွေအရ ဝေါ်လ်ကာရဲ့ခြေထောက်က ထက်ပိုင်းပုံစံအနေအထားအထိ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ခြေထောက်မကျိုးသွားခဲ့ဘဲ ပရိသတ်တွေက ဝေါ်လ်ကာရဲ့ခြေထောက်က စတီးချောင်းနဲ့ လုပ်ထားတာလားလို့ မေးခွန်းထုတ်ရတဲ့အထိ အံ့အားသင့်နေကြပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ ဝေါ်လ်ကာက အခြားဖိနပ်တစ်ရံကို လဲစီးခဲ့ရပါတယ်။ ဒီပွဲမှာ ကွင်းမြက်ခင်းပြင်တွေက တော်တော်လေးကို ဆိုးရွားခဲ့ပြီး မြက်တွေကြွတက်နေတာကိုလည်း ပရိသတ်တွေ အတိုင်းသားမြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန်ကစားသမားတွေကတော့ ကွင်းအနေအထားနဲ့ပတ်သက်လို့ ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့ရဲ့ ဆိုးရွားတဲ့ခြေစွမ်းတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က