နာမည်ကျော်အားကစားတင်ဆက်သူက လှောင်ပြောင်ခဲ့တာပါ။

နယူးကာဆယ်ကို အရေးနိမ့်ခဲ့အပြီးမှာတော့ ချယ်လ်ဆီးဟာ ကမ္ဘာ့ဖလားမတိုင်ခင်ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပြီဖြစ်ပါတယ်။ နည်းပြသစ်ဂရေဟမ်ပေါ်တာရဲ့ အသင်းဟာ ဆက်တိုက်ကို ရလဒ်တွေဆိုးရွားနေခဲ့ပြီး သူ့ရဲ့ပျားရည်ဆမ်းခရီးတွေ ကုန်ဆုံးသွားပြီဆိုတာကို ပြသခဲ့ပြီး ပရိသတ်တွေကိုလည်း အကြီးအကျယ်စိတ်ပျက်စေခဲ့ပါတယ်။ 

ဝီလော့ခ်ရဲ့ လှပတဲ့ကန်သွင်းချက်နဲ့အတူ နယူးကာဆယ်က အဖိုးတန်နိုင်ပွဲကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ တပွဲလုံးမှာ ထိရောက်တဲ့ ခြိမ်းခြောက်မှုမျိုးတွေကို မလုပ်ပြနိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ အပြောင်းအလဲတွေကို ဂရေဟမ်ပေါ်တာက ပြုလုပ်ပြုလုပ်ခဲ့ပေမယ့် အရာမထင်ဖြစ်ခဲ့ရပြီး အဝေးကွင်းကနေ အမှတ်ဗလာနဲ့ အိမ်ပြန်လာခဲ့ရပါတယ်။ 

NBC ရဲ့ အားကစားအစီအစဉ်တင်ဆက်သူ Peter Drury က ချယ်လ်ဆီးအရေးနိမ့်အပြီးမှာတော့ "ဂရေဟမ်ပေါ်တာရဲ့ ချယ်လ်ဆီးက Pressing Football ကစားဟန်အသစ်နဲ့ ကစားသွားတာပဲဗျ၊ Depressing လို့ ခေါ်တယ်" ဆိုပြီး ပြောဆိုကာ လှောင်ပြောင်ခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာဟာ နည်းပြဟောင်းတူချယ်လ်ရဲ့ နေရာကို အစားထိုးဝင်ရောက်လာခဲ့သူဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်နောက်တဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ရလဒ်တွေဆက်တိုက်ဆိုးရွားနေခဲ့ပြီး ဖိအားတွေအောက်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဘရိုက်တန်မှာ သူ့ရဲ့ အရည်အသွေးတွေကို ပြသနေခဲ့တဲ့နောက် ချယ်လ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေရဲ့ အားကိုးတကြီးခေါ်ယူမှုကို ရရှိခဲ့ပြီး အစောပိုင်းမှာ သာယာတဲ့ နေ့ရက်တွေရှိခဲ့ပေမယ့် အခုတော့ ပေါ်တာတယောက် ယောက်ယက်ခပ်နေရပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က