အသက် (၁၈) နှစ်ကနေ (၆၅) နှစ်အတွင်း ရောဂါအခံကြီးကြီးမားမားမရှိဘူးဆိုရင် Detox လုပ်လို့ရပါတယ်။

Detox လုပ်တာက ဝိတ်ချသူတွေအကြား ရေပန်းစားလာတဲ့အရာတစ်ခုဖြစ်ပါတယ်။ Detox ‌လုပ်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်တဲ့ကောင်းကျိုးရစေတာကြောင့် လူတိုင်းက Detox လုပ်တာကို သဘောကျကြပါတယ်။  ဒါပေမဲ့  Detox က ဘယ်လိုလူတွေ လုပ်သင့်လဲ ဘယ်လိုလူတွေ မလုပ်သင့်ဘူးလဲ၊  ကိုယ်နဲ့သင့်တော်တဲ့ နည်းလမ်း ဘယ်လိုရွေးချယ်မလဲ ဆိုတာတွေကို အာဟာရဆိုင်ရာ အထူးပြုဆရာဝန် ဒေါက်တာဆုမြတ်သဇင်ရဲ့ ဝေမျှချက်တွေကို ကြည့်ရအောင်ပါ။



Detox Water လုပ်ဖို့ အခြေခံနည်းလမ်းများ 
  • သဘာဝလက်ဖက်ရည်ကြမ်းနှင့် ပြုလုပ်ခြင်း၊
  • သဘာဝသစ်သီးဝလံများနဲ့ ပြုလုပ်ခြင်း၊
  • အသင့်သောက်ဖျော်ရည်ထုပ်များ သောက်သုံးခြင်း တို့ဖြစ်ပါတယ်။

Photo : Freepik

Detox ရဲ့ ကောင်းကျိုးများ
  • ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးခြင်း၊
  • နေထိုင်ရ ကောင်းလာခြင်း၊
  • ကိုယ်အလေးချိန်ကျလာခြင်း၊
  • အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာလာခြင်းတွေဖြစ်ပေါ်စေပါတယ်။

Photo : Freepik

ဘယ်လိုလူမျိုးတွေ Detox လုပ်သင့်လဲ။

အခုဆို လူငယ်တွေကြားမှာ Detox လုပ်တာက တော်တော်လေးကို ခေတ်စားလာပြီး တချို့ဆို အပတ်တိုင်း၊ လတိုင်း လုပ်ကြပါတယ်။ သာမန်နေကောင်းကျန်းမာတဲ့သူတွေအနေနဲ့ အသက် (၁၈) နှစ်ကနေ (၆၅) နှစ်အတွင်း ရောဂါအခံကြီးကြီးမားမားမရှိဘူးဆိုရင် Detox လုပ်လို့ရပါတယ်။ 

Detox လုပ်ဖို့ သင့်တော်တဲ့သူတွေကတော့

  • နေ့စဉ်ဘဝမှာ ပင်ပန်းနွမ်းနယ်သူတွေ
  • ညအိပ်မပျော်သူတွေ
  • ခန္ဓာကိုယ်မှာ ချွေးနံအလွန်ထွက်နေသူတွေ
  • အရေပြားဓာတ်မတည့်တာမျိုးဖြစ်နေသူတွေ

ဒီလိုလူမျိုးတွေက  Detox water သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ရှင်းလင်းသွားပြီးတော့ ခုနကဖြစ်နေတဲ့ လက္ခဏာတွေ လျော့နည်းသွားစေပါတယ်။

Detox Water လုပ်တဲ့အခါ ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲ။

မိမိရဲ့ ခန္ဓာကိုယ်နဲ့အစာအူအိမ်လမ်းကြောင်းရဲ့ တုံ့ပြန်မှုပေါ်မူတည်ပါတယ်။ တကယ်လို့  ကိုယ်က အစာအိမ်ရောဂါအခံရှိတဲ့သူဆိုပါက Detox လုပ်တဲ့အခါမှာ ချဉ်တဲ့အသီးတွေ မထည့်ရပါဘူး။ ကိုယ်က  အသားဓာတ်ချို့တဲ့နေတဲ့သူဆိုရင် Detox Water  ဖျော်တဲ့အခါမှာ အသားဓာတ်ရစေတဲ့  အသီးအနှံမျိုးထည့်ဖျော်မလား ဒါမျိုးတွေစဉ်းစားသင့်ပါတယ်။ဒါမှမဟုတ်  ကိုယ်ကအစကတည်းက အာဟာရချို့တဲ့နေတာ၊  အစားအသောက်မမှန်တာရှိနေတယ်ဆိုပါက အာဟာရဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သောက်သင့်ပါတယ်။

Photo : Freepik

Detox မလုပ်သင့်တဲ့သူတွေက ဘယ်သူတွေလဲ

Detox လုပ်တယ်ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားလိုက်တာဆိုပေမဲ့ လူတိုင်းလုပ်ဖို့တော့ မသင့်တော်ပါဘူး။ Detox မလုပ်သင့်သူတွေကို ပြောပါဆိုရင်

  • ဆီးချိုရောဂါရှိသူများ

Detox တွေက အများအားဖြင့် အသီးအရွက်တွေနဲ့ အဓိကထားပြုလုပ်ရတာဖြစ်တဲ့အတွက် ဒါတွေကို အများကြီးဖျော်သောက်ရင် ဆီးချို အတက်အကျမထိန်းနိုင်မှာကို စိုးရိမ်ရပါတယ်။ ရေရှည်မှာဆိုရင် အသားဓာတ်၊ အဆီဓာတ်နည်းတဲ့အတွက်ကြောင့် အာဟာရဓာတ်ချို့တဲ့နိုင်တာဖြစ်တဲ့အတွက် ဆီးချိုသမားတွေအနေနဲ့ မလုပ်သင့်ပါဘူး။

  • ကျောက်ကပ်ရောဂါရှိသူများ

ကျောက်ကပ်သမားတွေ များသောအားဖြင့် ရေဓာတ်ကိုထိန်းရပါတယ်။ Detox ရဲ့ သဘောသဘာဝက ရေများများသောက်ရတာဖြစ်တဲ့အတွက်  ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ရေများများသောက်ရင် ဖောရောင်တာရှိနေနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။

  • အစာအိမ်ရောဂါရှိသူများ

တချို့သော Detox Water တွေကချဉ်တဲ့အသီးတွေကို အခြေခံပြီးလုပ်ထားတယ်။  အစာအိမ်သမားက ဒါတွေကိုသောက်မယ်ဆိုရင် အစာအိမ်ရောင်ရမ်းတာ၊ ပျို့အန်တာ မျိုးဖြစ်နိုင်ပါတယ်။

Photo : Freepik

Detox Water က ရေရှည်သောက်သုံးသင့်တဲ့အရာလား

မိမိတို့ နေ့စဉ်စားသောက်နေတဲ့အစားအသောက်တွေထဲမှာ  ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေ ပါဝင်တတ်ပါတယ်။ နေ့စဉ်စားနေတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အဆိပ်အ​တောက်တွေ စုလာတယ်။ ဒီလိုမဖြစ်ခင်မှာ အခါအားလျော်စွာ Detox လုပ်ပေးတာက ပိုပြီးအကျိုးရှိပါတယ်။  ဒါပေမယ့် ရက်ရှည်လများ နှစ်ပတ် (သို့မဟုတ်) တစ်လလောက်အထိ Detox Water ကို စွဲသောက်ဖို့ မလိုအပ်ပါဘူး။ Detox Water ကို ၄၊၅ ရက်ခန့် သောက်ပြီးပြီဆိုပါက ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ရှင်းသွားပြီဆိုရင် ခန္ဓာကိုယ်က အသစ်ပြန်ဖြစ်သွားပြီ၊ ပုံမှန်အတိုင်းလှုပ်ရှားသွားလာလို့ရပြီဆိုရင် Detox သောက်တာကို ရပ်နားလို့ ရပါတယ်။

“Detox Water သောက်တာကို တစ်ပတ်ကို သုံးရက် ဒါမှမဟုတ်ရင် တစ်လကို နှစ်ကြိမ်လောက်ထိပဲ သောက်ပါ။ ရက်ရှည်လများ အမြဲတမ်းသောက်နေဖို့ မလိုပါဘူး ” လို့ အာဟာရဆိုင်ရာအထူးပြုဆရာဝန် ဒေါက်တာဆုမြတ်သဇင်က ပြောပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က