ဘာစီလိုနာရဲ့အခြေအနေမှန်ကို ဖွင့်ဟခဲ့တာပါ။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက အသင်းရဲ့အခြေအနေဟာ အရာအားလုံး ပြီးဆုံးသလောက်ဖြစ်ခဲ့သေးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေက အခုလည်း တော်တော်လေး ဆိုးရွားနေပြီး ဇွန်လမကုန်ခင် ဒီပြဿနာကို မရမက ဖြေရှင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။



ဘာစီလိုနာဟာ ယူရိုသန်း (၅၀၀) ကျော်ကို လက်ကျန်ရက် (၂၀) အတွင်း အရရှာဖွေရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ အသင်းက ဒေဝါလီခံသွားရနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာက သူတို့ရဲ့နူးကမ့်ကွင်းကြီးထဲ မင်္ဂလာပွဲကျင်းပခွင့်ပေးတာ၊ အပျော်တမ်းကစားတဲ့သူတွေကို အခကြေးငွေနဲ့ ပေးကစားတာမျိုးတွေ ပြုလုပ်နေခဲ့ပါတယ်။

အခုတခါမှာလည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာစီလိုနာဥက္ကဌ လာပေါ်တာက အခုလိုမျိုး ဝန်ခံလာပါတယ်။ လာပေါ်တာက “ကျနော်တို့ လုံးဝကို ဒေဝါလီခံရမလိုဖြစ်ခဲ့တာပါ။ ကျနော်တို့ ရောက်တဲ့အချိန်မှာ အသင်းကို အသက်ဆက်အောင် ကြိုးစားခဲ့ရပြီး အကြွေးတွေကို ဖြေရှင်းခဲ့ရပါတယ်။ အခြားအသင်းတွေသာဆို ဒေဝါလီခံသွားလောက်ပါပြီ”

“ဒါပေမယ့် ဒီအသင်းက ဘယ်တုန်းကမှ တတိယပါတီလက်ထဲထည့်ခဲ့တာမျိုးမရှိတော့ ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အသင်းရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ အပေးအယူတွေကို ကျနော်တို့ ထပ်ကြေညာဖို့ရှိပြီး ဒါတွေသာ အဆင်ပြေခဲ့ရင် ကျနော်တို့ရဲ့ အသားတင်တန်ဖိုးတခု ပြန်ရလာမယ်၊ အကြွေးကလည်း ပုံမှန်ပြန်ဖြစ်လာပြီး ကစားသမားခေါ်ယူမှုတွေလည်း ပုံမှန်အတိုင်း ပြန်လည်ပြုလုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ အသင်းမှာရှိတဲ့ စီနီယာကစားသမားတွေကိုလည်း လစာလျှော့ယူခိုင်းဖို့ ပြင်ဆင်နေပြီး ဘတ်စ်ကွက်၊ ပီကေး၊ အယ်လ်ဘာတို့ကတော့ ဒီအပေါ်မှာ ကျေနပ်ဟန်မရှိပါဘူး။ ဘတ်စ်ကွက်စ်ဆိုရင် အသင်းအနေနဲ့ လစာကိစ္စကို မီဒီယာကတဆင့် မပြောဘဲ သူ့ဆီတိုက်ရိုက်လာပြောဖို့ လူသိရှင်ကြား ပြောကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က