ဒီကနေ့ အောက်တိုဘာလ (၁၅)ရက်နေ့ မနက် (၉)နာရီ မိနစ် (၃၀) အချိန်ခန့်လောက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၊ (၆)ရပ်ကွက် မေယုလမ်းထောင့်မှာ ဆောက်လက်စ အအောက်အအုံတစ်ခု ပြိုကျမှုဖြစ်ပွါးခဲ့ပြီး ဆောက်လုပ်ရေး အလုပ်သမားများ အထဲမှာ ပိတ်မိလျှက်ရှိပါတယ်။
အဆောက်အအုံ ပြိုကျကြောင်း သတင်း ရရှိတဲ့အတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်တွေ သွားရောက်ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ မနက် (၁၀:၃၀) မိနစ်အချိန်ထိ အလုပ်သမား (၃)ဦးကို အသက်ရှင်လျှက်ကယ်တင်ထားနိုင်တဉ်လို့ သိရပါတယ်။
အထဲမှာ ပိတ်မိနေသေးတဲ့ အလုပ်သမားတွေရှိနေသေးပြီး လက်ရှိအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
“ အခုတော့ အသေးစိတ်မဖြေနိုင်သေးဘူးဗျ။ အလုပ်ရှုပ်နေကြလို့ပါ။ အခုထိတော့ (၃)ဦးအသက်ရှင်လျှက် ကယ်ထားနိုင်တယ်။ အထဲမှာလည်း လူတွေကျန်နေသေးတယ်။ ကယ်ဆယ်ရေး ဆက်လုပ်နေတယ်”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တဲ့ (၃)ဦးကိုတော့ အဆောက်အဦးပြိုကျပြီး အချိန် (၁၅)မိနစ်အကြာ ၉:၄၅ မိနစ်အချိန်မှာ ကယ်တင်နိုင်ခဲ့တာပါ။
အဆောက်အအုံပြိုကျရတဲ့အကြောင်းအရင်းအသေးစိတ်မသိရှိရသေးဘဲ လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေဆဲဖြစ်လို့ လူအသေအပျောက် ရှိ၊ မရှိကိုလည်း မသိရှိရသေးပါဘူး။
လက်ရှိမှာတော့ အဆိုပါ အခင်းဖြစ်ပွါးရာနေရာမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ရေးယာဉ်များ ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ် (၂)စီးနဲ့ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်တို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။