ယာဉ်လိုင်းနံပတ် (၄)ကားတွေဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့ ၊မနက် (၁၁)နာရီ ဝန်းကျင်အချိန်လောက်က ဒဂုံဆိပ်ကမ်းမြို့နယ် ၊ရတနာနှင်းဆီအိမ်ယာ လမ်းသွယ်(၁)ရှိ YBS အမှတ် (၄)ကားဂိတ်မှာ ရပ်ထားတဲ့ YBS ကားနှစ်စီးမီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။

ရပ်ထားရာကနေ ပထမတစ်စီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နောက်တစ်စီးကို မီးကူးခဲ့ရာမှာ နှစ်စီးလောင်ကျွမ်းခဲ့တာပါ။

တစ်စီးကတော့ တော်တော်လေးပျက်စီးသွားတယ်လို့ သိရပါတယ်။

photo- CJ

“ နှစ်စီးလောင်တာ။ ရပ်ထားတာကနေပြီးတော့ ထလောင်တာဆိုတော့ ဘာကြောင့်လောင်တယ်ဆိုတာမသိရသေးဘူး။ စလောင်တဲ့အစီးကနေ နောက်တစ်စီးကို မီးကူးသွားတာ။ စလောင်တဲ့ကားကတော့ တော်တော်လေးပျက်စီးသွားတာပေါ့”လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC ) တွဲဖက်အတွင်းရေးမှူးက Duwun ကိုပြောပါတယ်။ 

လက်ရှိမှာတော့ မီးလောင်ရခြင်းအကြောင်းအရင်းကို တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ပါတယ်။

မီးလောင်မှုကိုတော့ ဒဂုံမြို့သစ်ဆိပ်ကမ်းမှ မီးသတ်ယာဉ်(၁)စီးနဲ့ သာကေတမြို့နယ်မှ မီးသတ်ယာဉ်(၁)စီးတို့နဲ့ အချိန် မိနစ် (၂၀)ကြာငြိမ်းသတ်ခဲ့ရပါတယ်။


Share

က္က