စက်ရုံပိုင်ရှင်နဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

မီးလောင်မှုအတွင်းမှာတော့ သန္ဓေမီးသတ်(၁၀)ဦး၊ အရန်မီးသတ်(၂)ဦးနဲ့ အရပ်သား (၅)ဦး စုစုပေါင်း(၁၇)ဦးဒဏ်ရာရရှိခဲ့ပြီး သင်္ကန်းကျွန်းစံပြဆေးရုံနဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဆေးရုံတို့မှာ ဆေးကုသမှုခံယူနေလျှက်ရှိတယ်လို့ သိရပါတယ်။ 

 photo - Myanmar Fire Services Department (ဒဏ်ရာရရှိသူများအား သွားရောက်ကြည့်ရှုစဉ်)

စက်တင်ဘာလ(၁၀)ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန်(၁)က ဖယောင်းဂိုဒေါင်မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသိရပါတယ်။

လက်ရှိမှာတော့ စက်ရုံပိုင်ရှင်နဲ့အဆက်အသွယ်မရရှိသေးသလို တစ်ဖက်က ဆက်သွယ်လာတာမျိုးလည်းမရှိသေးဘူးလို့ သိရပါတယ်။

“ အခုချိန်ထိ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုမသိရသေးဘူး။ ပိုင်ရှင်နဲ့လည်း မတွေ့ရသေးဘူး။ လောင်တာက စက်ရုံမဟုတ်ဘူး။ ဖယောင်းတွေသိုလှောင်ထားတဲ့ ဂိုဒေါင်က လောင်တာ။ တခြားစက်ရုံတွေကူးစက်မှုတော့မရှိခဲ့ဘူး။ ဂိုဒေါင်တစ်ခုတည်းလောင်တာ။ ညကမီးလောင်မှုမှာက ဖယောင်းဂိုဒေါင်ဆိုတော့ ဓာတုဆေးရည်တွေနဲ့လည်းဖြန်းရသလို တစ်ဖက်ကို မီးမကူအောင်လို့ ရေနဲ့လည်းထိန်းရတယ်။ ပိုင်ရှင်ကိုက ညကတည်းက ရှာမတွေ့တာ။ ရတဲ့ဖုန်းနံပတ်ဆက်ကြည့်တော့လည်း စက်ပိတ်ထားတယ်။စဖြစ်ဖြစ်ချင်းတော့ သူလည်းကြောက်လို့ မလာတာဖြစ်မယ်။ သူနဲ့တွေ့ပြီးမှ စစ်ဆေးစရာရှိတာဆောင်ရွက်ရမှာ ဖြစ်တယ်” လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo - Myanmar Fire Services Department

မနေ့ကဖြစ်ပွားခဲ့တဲ့မီးလောင်မှုဟာ ညပိုင်း(၇)နာရီအချိန်လောက်ကစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး (၁၀း၃၀)အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကာ (၃)နာရီကျော်ကြာလောင်ကျွမ်းခဲ့တာလည်းဖြစ်ပါတယ်။

မီးလောင်မှုကိုတော့ Level (4)အဆင့်သတ်မှတ်ခဲ့ပြီး ဖြစ်စဉ်အတွင်းမှာတော့ သန္ဓေမီးသတ်(၅၉၇)ဦး၊ အရန်မီးသတ်(၂၂၃)ဦး၊ မီးသတ်ယာဉ်( ၄၉)စီး၊ ရေသယ်ယာဉ်( ၂၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။

မီးလောင်မှုအတွင်းမှာတော့ သန္ဓေမီးသတ်(၁၀)ဦး၊ အရန်မီးသတ်(၂)ဦးနဲ့ အရပ်သား (၅)ဦး စုစုပေါင်း(၁၇)ဦးဒဏ်ရာရရှိခဲ့ပြီး သင်္ကန်းကျွန်းစံပြဆေးရုံနဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဆေးရုံတို့မှာ ဆေးကုသမှုခံယူနေပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက သွားရောက်ကြည့်ရှုကာ ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က