စိုးရိမ်စရာတော့မရှိပါဘူး။

ဒီနေ့ မတ်လ ၁၂ ရက်က ဒဂုံတက္ကသိုလ်မှာ ကျောင်းသင်္ကြန်ပွဲကျင်းပရာ အမျိုးသားတစ်ဦး ရေကစားရင်းသတိလစ်မေ့မြောသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားမှာ ရေကစားနေရင်း လဲကျသွားခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူက ကြက်ခြေနီအဖွဲ့ကို သွားရောက်အကူအညီတောင်းခဲ့ရာမှ တဆင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များလာရောက်ကာ အရေးပေါ် ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ရပါတယ်။ ဒါပေမယ့် သတိပြန်လည်လာခြင်းမရှိတဲ့အတွက် အရေးပါ်ယာဉ်နဲ့ နီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။



''အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိပါဘူး။ သတိမေ့ပြီး ရှော့ဖြစ်သွားတာပါ။ ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာ ရေတော်တော်စိုနေတယ်။ အပူချိန်ကလည်း တအားမြင့်နေတော့ ရေစိုတဲ့အချိန်ရှော့ဖြစ်သွားတယ်လို့ ထင်ပါတယ်။ အခုချက်ချင်းပဲ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်လိုက်ပါတယ်'' လို့ လူမှု ကူညီရေး အသင်းအဖွဲ့မှ တာဝန်ရှိသူ ဦးမောင်က Duwun ကိုပြောပါတယ်။

ကျောင်းသင်္ကြန်ကျင်းပရာ ခိုက်ရန်ဖြစ်ပွားတာမျိုးမရှိအောင် အရက်သေစာသောက်စားခြင်းမပြုလုပ်ဖို့ တားမြစ်ထားပြီး မတော်တဆထိခိုက်မှုတွေအတွက် ကူညီကယ်ဆယ်ရေး အဖွဲ့ ၃ ဖွဲ့နဲ့ အယောက် ၃၀ ခန့် ထားရှိကာ ကူညီမှုတွေဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသင်္ကြန်ကို ဒီနေ့ မတ်လ ၁၂ ရက် မနက်ပိုင်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး မနက်ပိုင်းမှာ ယိမ်းအဖွဲ့တွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။ နေ့လယ်ပိုင်းမှာတော့ နာမည်ကျော်တေးသံရှင်တွေဖြစ်တဲ့ လင်းလင်း၊ G-fatt ၊ နန်းဆုရတီစိုး၊ Project-K တို့ အပြင် အခြား အနုပညာရှင်တွေများစွ ာပါဝင်ဖျော်ဖြေခဲ့ကြပြီး ညနေငါးနာရီအထိ ကျင်းပနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က