၉၀ ခုနှစ်ဝန်းကျင်မွေးဖွားတဲ့ လူငယ်တွေ ငယ်ဘဝကို အမှတ်ရစေဖို့ ရည်ရွယ်ကျင်းပတာပါ။

၁၉၉၀ ခုနှစ်ဝန်းကျင်မွေးဖွားတဲ့ လူငယ်တွေရဲ့ ငယ်ဘဝကို အမှတ်ရစေဖို့ ဒဂုံတက္ကသိုလ်မှာ 90’s Kids ပွဲကို ဒီဇင်ဘာ ၂၇ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒဂုံတက္ကသိုလ် ချယ်ရီလမ်းမှာ ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ မွန်းလွဲ ၃ နာရီခွဲအထိကျင်းပမှာဖြစ်ပြီး ၉၀ကျော်ကာလက အမှတ်တရ ပုံရိပ်တွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ရည်ရွယ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့ ပွဲစီစဉ်ကျင်းပတဲ့ Future The Dagaon မှ ကိုသင့်မြတ်က Duwun ကိုပြောပါတယ်။

“အဲဒီဝန်းကျင်က ခေတ်စားခဲ့တဲ့ ကစားနည်းတွေ၊ ငယ်ငယ်တုန်းက ကျောင်းမုန့်စားဈေးတန်းမှာ စားခဲ့ရတဲ့ မုန့်တွေ ငယ်ငယ်တုန်းက ကစားစရာ ပစ္စည်းတွေ ပါမယ်။ ဂစ်တာတီးဝိုင်းတွေပါမယ်။ ကွပ်ပျစ်စကားဝိုင်းတွေပါမယ်။ ” လို့ Futuret The Dagaon အဖွဲ့မှ ကိုသင့်မြတ်က ပြောပါတယ်။

အဆိုပါပွဲကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ Future The Dagon အဖွဲ့မှ ဦးစီးကျင်းပတာဖြစ်ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားကျောင်းသူတွေအပြင် အခြားတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ 90’s Kid ပွဲကို စိတ်ဝင်စားသူတိုင်း တတ်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။

ပွဲကျင်းပမယ့် Cherry Road တစ်လျှောက်မှာ ဆိုင်ခန်းပေါင်း(၂၅) ဆိုင် ထားရှိမှာ ဖြစ်ကာ 90’s kids organizers team ကစီစဉ်တဲ့ ဆိုင်(၁၀)ဆိုင် ရှိမည်ဖြစ်ပြီး ကျောင်းတွင်းအဖွဲ့အစည်းတွေ၊ ဌာနအသီးသီးမှ ဆိုင်အသုံးပြုလိုသူတွေနဲ့ အပြင်အဖွဲ့အစည်းတွေက ဆိုင်ဖွင့်မယ်ဆိုပါက တစ်ဆိုင်ကို ၃ သောင်းနဲ့ ဌားရမ်းသွားမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က