စုစုပေါင်း ၅ ပွဲအထိ အရေးနိမ့်ထားခဲ့တာပါ။

လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲစုစုပေါင်း ၅ ပွဲသာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါရှုံးပွဲအားလုံးမှာ တိုက်စစ်ပိုင်းက တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာကိုလည်း တိုက်ဆိုင်မှုတစ်ခုအဖြစ်မြင်တွေ့ခဲ့ရပါတယ်။


ဒီရာသီပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးအခြေအနေတွေကို ပိုင်ဆိုင်ထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ ၃-၀ နဲ့ အရေးနိမ့်ပြီး သူတို့ရဲ့ အမှတ်ပေးပွဲရှုံးပွဲမရှိစံချိန်ပျက်ပြယ်ခဲ့ရပါတယ်။ ဒါဟာ လီဗာပူးလ်အတွက်တော့ ပထမဆုံးသော အမှတ်ပေးပွဲရှုံးနိမ့်မှုလည်းဖြစ်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်မှာလည်း လီဗာပူးလ်က ချယ်လ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ လီဗာပူးလ်အတွက်တော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပြီးတော့ သူတို့ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုနဲ့ ပွဲပန်းမှုတွေကို ထင်ဟပ်စေခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲစုစုပေါင်း ၅ ပွဲသာရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါရှုံးပွဲအားလုံးမှာ တိုက်စစ်ပိုင်းက တစ်ဂိုးမှမသွင်းယူနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာကိုလည်း တိုက်ဆိုင်မှုတစ်ခုအဖြစ်မြင်တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်ရဲ့ ဒီရာသီပထမဆုံးရှုံးပွဲကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ နာပိုလီကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် လိဂ်ဖလားပြိုင်ပွဲမှာ အက်စတွန်ဗီလာကို ၅-၀၊ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်ပထမအကျော့မှာ အက်သလက်တီကိုမက်ဒရစ်ကို ၁-၀၊ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်ကို ၃-၀ နဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ နောက်ဆုံး ၂ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရာမှာလည်း ပေးဂိုး ၅ဂိုးအထိရှိခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ဒုတိယနေရာကမန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ် ၂၂ မှတ်ဖြတ်တောက်ထားလို့ ဆုဖလားရရှိဖို့အတွက် အခွင့်အရေးကောင်းရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ရှုံးထွက်ဒုတိယအကျော့မှာ အက်သလက်တီကိုကို အနိုင်ရရှိအောင် ရုန်းကန်ရဦးမှာလည်းဖြစ်ပါတယ်။ 

Share

က္က