အသက် ၄၀ အရွယ် တိုက်စစ်မှူးကြီးဟာ ထောင့်ကန်ဘောအတွက် ဂိုးသွင်းဖို့ကြိုးစားနေရင်းနဲ့ အက်ဇ်ပီလီကွီတာကို နောက်ကနေ တွန်းတိုက်ခဲ့ပြီး နာကျင်စေခဲ့တာလည်းဖြစ်ပါတယ်။
စပိန်နဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ စပိန်နောက်ခံလူအက်ဇ်ပီလီကွီတာကို နောက်ကနေ တမင်တွန်းတိုက်ခဲ့တာဟာ တမင်လုပ်ခဲ့တာဖြစ်တယ်လို့ ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်က ပြောဆိုလိုက်ပါတယ်။ အသက် ၄၀ အရွယ် တိုက်စစ်မှူးကြီးဟာ ထောင့်ကန်ဘောအတွက် ဂိုးသွင်းဖို့ကြိုးစားနေရင်းနဲ့ အက်ဇ်ပီလီကွီတာကို နောက်ကနေ တွန်းတိုက်ခဲ့ပြီး နာကျင်စေခဲ့တာလည်းဖြစ်ပါတယ်။
Guardian နဲ့ တွေ့ဆုံမှုမှာ ဇလာတန်က "သူ့ကို ကျွန်တော်တမင်လုပ်ခဲ့တာလေ၊ ကျွန်တော့်ကစားသမားကို မိုက်မဲတဲ့လုပ်ရပ် သူ လုပ်ခဲ့လို့ ပြန်လုပ်တာပါ၊ ဒီအတွက်လည်း ကျွန်တော်မရှက်ဘူး၊ ကျွန်တော့်ကစားသမားကို သူက ဆရာအထာနဲ့ ပြောခဲ့တာ၊ ဒါက မိုက်မဲတဲ့လုပ်ရပ်ပဲ၊ ဒါကြောင့် သူ နားလည်အောင် ကျွန်တော်လုပ်လိုက်တာ၊ သဘောကတော့ မင်း ငါ့ကို ဒီသောက်ချိုးမျိုးလာမချိုးနဲ့၊ မင်းမှာ ငါနဲ့ ရင်ဆိုင်ဖို့ သတ္တိမရှိဘူး၊ ငါ့ကို အဲလိုလုပ်ရင် ဘာဖြစ်မလဲဆိုတာကို ငါပြမယ်ဆိုတာမျိုးပေါ့"
"ကိုယ့်ကိုရန်မမူတဲ့ ခွေးကို မတိုက်ခိုက်နဲ့လေ၊ တခုခုလုပ်နိုင်တဲ့ ခွေးဆိုရင်တော့ ထားပါတော့၊ အသက် ၂၀ ပဲရှိပြီး အေးအေးဆေးဆေးနေတဲ့ ကျွန်တော့်အသင်းဖော်တွေကို လွယ်လွယ်လေးရွေးချယ်ပြီး သူ လုပ်ခဲ့တာ၊ အခုတော့ သူနားလည်လောက်ပြီထင်တယ်" လို့ ဇလာတန်က ပြောဆိုခဲ့ပါတယ်။ အဝါကတ်ကြောင့် ဇလာတန်ဟာ ပလေးအော့ပထမအကျော့ကိုလွဲချော်တော့မှာဖြစ်ပါတယ်။