လူကာကူကို အလိုက်ပေးဖို့ စဉ်းစားနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် တိုက်စစ်မှူး လူကာကူကိုပါ အလိုက်ပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒီဘာလာဟာ ပြီးခဲ့တဲ့နွေရာသီက အသက် ၃၄ နှစ်အရွယ် ခရစ်စတီယာနိုရော်နယ်ဒို ရောက်ရှိလာချိန်ကတည်းက ဒုတိယနေရာမှာသာ ကစားခဲ့ရသူဖြစ်ပြီး နည်းပြ အယ်လီဂရီနဲ့လည်း ဆက်ဆံရေး အေးစက်နေသူဖြစ်ပါတယ်။


ဒီဘာလာဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့နောက်ပိုင်း ဘောလုံးမျိုးဆက်သစ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာလက အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဒီဘာလာဟာ ၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၁၀၀ တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Metro ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ နောက်ထပ်ရွေးချယ်မှုတစ်ခုအဖြစ် အင်တာမီလန်တိုက်စစ်မှူး အီကာဒီကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး တိုက်စစ်မှူး လူကာကူကိုပါ အလိုက်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူကာကူဟာ ဂျူဗင်တပ်ကိုသာ ပြောင်းရွှေ့လိုတာကြောင့် ဒီဘာလာကို ခေါ်ယူဖို့ အလိုက်ပေးဖို့ မန်ယူအသင်းက စဉ်းစားနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က