ဗင်နီရှပ်နဲ့ ဘန်ဇီမာကို မထိန်းချုပ်နိုင်ခဲ့တာကို အပြစ်တင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ဘန်ဇီမာရဲ့ သွင်းဂိုကို ခွင့်ပြုခဲ့ရမှုနဲ့ပတ်သက်ပြီး ရီယိုဖာဒီနန်က လီဗာပူးလ်နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ အာနိုးလ်နဲ့ ကိုနာတေးတို့ကို အပြစ်တင်ပြောဆိုလိုက်ပါတယ်။ ပွဲကစားချိန် ၇၈ မိနစ်မှာ ဘန်ဇီမာက ဗင်နီရှပ်စ်ရဲ့ ဖန်တီးပေးမှုကနေ တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ရီးရဲလ်တို့ နှစ်ကျော့ပေါင်းရလဒ် ၆-၂ နဲ့ တက်ရောက်သွားခဲ့ပါတယ်။ 

ဘန်ဇီမာဟာ ဗင်နီရှပ်ရဲ့ ကန်တင်ပေးပို့မှုကို ရိုးရိုးရှင်းရှင်းလေးပဲ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ကာမာဗင်ဂါရဲ့ ဧရိယာထဲ ပေးပို့မှုကို ဗင်နီရှပ်က ဘောလုံးရယူဖို့ကြိုးစားရင်း လဲကျသွားခဲ့ပေမယ့် ဗန်ဒိုက်က ဘောလုံးကိုရအောင်မယူနိုင်ခဲ့ဘဲ လဲကျနေတဲ့အနေအထားကနေ ဗင်နီရှပ်က ဘန်ဇီမာဆီ ဘောလုံးရောက်အောင် ပေးနိုင်ခဲ့တာပါ။ ကိုနာတေးက ဘန်ဇီမာကို လူကပ်ထားဖို့ လစ်ဟာနေခဲ့သလို အာနိုးလ်ကလည်း ဗင်နီရှပ်ကို လူမကပ်ထားခဲ့တာပါ။ 

ဖာဒီနန်က "ဘောလုံးက အလယ်ဗဟိုကို ရောက်သွားတာနဲ့အမျှ အာနိုးလ်က ခံစစ်ပိုင်းကိုပဲ စဉ်းစားရမှာပါ၊ ဗဟိုခံစစ်ပိုင်းနှစ်ယောက် (ဗန်ဒိုက်၊ ကိုနာတေး)မှာလည်း ပြသနာကရှိနေတယ်၊ အနည်းဆုံး သူတို့နှစ်ဦးကို အကူအညီပေးဖို့ အာနိုးလ်က အတွင်းထဲကို ပြန်ဝင်ကိုဝင်ရမှာပါ၊ ဘောလုံးက ဗင်နီရှပ်ဆီကို ရောက်သွားတဲ့အချိန် အာနိုးလ် ခွဲထွက်သွားတာကိုကြည့်ပါ၊ ဗင်နီရှပ်နဲ့ ၅ ကိုက်လောက် အကွာအဝေးကို ရောက်သွားခဲ့ပါတယ်"

"သူတို့ရင်ဆိုင်နေရတာက တစက္ကန့်လေးတောင် မျက်စိမှိတ်လို့မရတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားပါ၊ ၂ စက္ကန့်အတွင်းမှာပဲ ၅ ကိုက်အကွာလောက်ကို ရောက်အောင် သူ လုပ်နိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးကို ယူခဲ့ပါတယ်၊ ဗဟိုနောက်ခံလူတဦးနဲ့ အခြားတဦးကြား အကွာအဝေးမှာ ကမ္ဘာ့အန္တရာယ်အများဆုံးတိုက်စစ်မှူးတဦးရှိနေပြီး သူနဲ့အတူ ကွင်းလယ်လူတဦး (ကာမာဗင်ဂါ)ပါ ရှိနေခဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။

အာနိုးလ်ရဲ့ ကစားဟန်ကို ဂျင်မီကာရေဂါကလည်း ဝေဖန်ခဲ့ပြီး ခံစစ်ပိုင်းအတွက် လုံလောက်တဲ့ ကစားနိုင်စွမ်းမရှိဘူးလို့ အပြစ်တင်ခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ နွေရာသီမှာ ညာနောက်ခံလူတဦး သေချာပေါက်ဝယ်ယူဖို့အတွက်လည်း ကာရေဂါက တိုက်တွန်းသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က