ပိုချက်တီနိုကို ဝေဖန်နေကြတာပါ။

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့အပြီးမှာ ပြောဆိုခဲ့တဲ့ မှတ်ချက်ကြောင့် ပြစ်တင်ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာပါ။



တစ်ဖက်မှာ ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ်ကာရစ် ကိုင်တွယ်နေတဲ့ မစ်ဒယ်ဘရော့က အခွင့်အရေးရလာချိန်မှာ မိမိရရ အသုံးချခဲ့ပြီး ချဲလ်ဆီးကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချဲလ်ဆီးတို့ ဒုတိယအကျော့မှာတော့ ရုန်းကန်ရတော့မှာပါ။

ဒီပွဲအပြီးမှာ ပိုချက်တီနိုက “ပွဲကို ချဉ်းကပ်ပုံက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမှားအယွင်းတွေလုပ်ခဲ့ပြီး ပြိုင်ဘက်ကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ မစ်ဒယ်ဘရော့က တကယ်ကို ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်ပြီး ခံစစ်ကို ပိတ်ကစားတယ်၊ ပြီးတော့ Transition တွေကတစ်ဆင့် ကစားသွားတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒီမှတ်ချက်အပေါ်မှာ ချဲလ်ဆီးပရိသတ်တွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။ ချဲလ်ဆီးပရိသတ်တွေက “ခင်ဗျားက ဒီလိုမျိုးအသင်းကို ရင်ဆိုင်ပြီး ခက်ခဲကြမ်းတမ်းတယ် လုပ်နေတာလား? အားနည်းတဲ့ စိတ်ပိုင်းဆိုင်ရာက တစ်သင်းလုံးမှာ ထင်သာမြင်သာရှိနေပါတယ်။ ကျေးဇူးပြုပြီး နှုတ်ဆက်လိုက်ပါတော့”
“ဒါက သူ့အမှားပါ။​ ဒီအတွက် သူတာဝန်ယူဖူးရဲ့လား” “ကောင်းမွန်တဲ့ ချဉ်းကပ်မှုတဲ့လား။ ကောင်းပါပြီ။ သူ အထုတ်ခံရတဲ့အချိန်မှပဲ စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီမှာ ဥရောပပွဲကစားဖို့ မရှိဘဲ ပြည်တွင်းပြိုင်ပွဲတွေကိုသာ အပြည့်အဝ အာရုံစိုက်ခွင့်ရှိနေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က