မော်ရင်ဟိုက အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။

မနေ့ညက ကစားခဲ့တဲ့ ဆီဗီလာနဲ့ ရိုးမားတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ မော်ရင်ဟိုရဲ့ ရိုးမားက ဦးဆောင်ဂိုးရခဲ့ပေမယ့် ချေပဂိုးပြန်ပေးခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၃၅) မိနစ်မှာ ဒီဘားလားက မန်စီနီရဲ့ ဖန်တီးပေးမှုကတစ်ဆင့် အသင်းအတွက် ဦးဆောင်ဂိုးကို အကောင်းဆုံး အဆုံးသတ် သွင်းယူပေးခဲ့တာပါ။



ဒီဘားလားရဲ့ဂိုးအတွက် ရိုးမားနည်းပြ ခုံတန်းက အရန်နည်းပြအဖွဲ့ဝင်တွေ၊ အရန်ကစားသမားတွေက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပေမယ့် မော်ရင်ဟိုကတော့ ဒီဂိုးအပေါ်မှာ တစ်စုံတစ်ရာ အောင်ပွဲခံခဲ့ခြင်းမရှိပါဘူး။ မော်ရင်ဟိုဟာ ဒီဂိုးအပေါ် တစ်စုံတစ်ရာ ခံစားရဟန်မပြခဲ့ဘဲ တည်တည်ငြိမ်ငြိမ်နဲ့သာ ကျော်ဖြတ်သွားခဲ့ပြီး ပရိသတ်တွေအတွက်တော့ ပြောစမှတ်ပြုစရာဖြစ်နေပါတယ်။


ပရိသတ်တွေက “ရိုးမားကစားသမားတွေ၊ ပရိသတ်တွေနဲ့ အရန်ခုံတန်းကအားလုံး စိတ်လွတ်ကိုယ်လွတ် ပျော်နေချိန်မှာ မော်ရင်ဟိုကတော့ သူ့အလုပ်မပြီးသေးဘူးဆိုတာကို သိနေပုံပါပဲ” “မော်ရင်ဟိုကို မကြိုက်ဘဲ ဘယ်လိုမှကို နေလို့မရဘူး” “သူ့ကစားသမားတွေ ဂိုးသွင်းနေချိန်မှာ ကင်မရာတွေအကုန်လုံး ရိုက်ပြရတဲ့ တစ်ဦးတည်းသော နည်းပြက မော်ရင်ဟိုပါပဲ” လို့ အသီးသီး မှတ်ချက်ပြု ချီးကျူးခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဒီပွဲမတိုင်ခင်မှာ ဒီဘားလားအနေနဲ့ မိနစ် (၂၀) ကနေ မိနစ် (၃၀) အထိသာ ကစားနိုင်မယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့်လည်း တကယ်တမ်း ဗိုလ်လုပွဲကစားဖို့ လူစာရင်း ထွက်လာချိန်မှာတော့ မော်ရင်ဟိုက သူ့ရဲ့ အဓိက,ကစားသမား ဒီဘားလားကို အေဘရာဟမ်နဲ့ တွဲပေးခဲ့ပြီး ဒီဘားလားကလည်း ပွဲကစားချိန် (၃၅) မိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဒါပေမယ့်လည်း ဒုတိယပိုင်း ပွဲကစားချိန် (၆၈) မိနစ်မှာတော့ မော်ရင်ဟိုက ဒီဘားလားကို လူစားလဲခဲ့ရပြီး သူ့နေရာမှာ ဒီရာသီ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒမ်းက လူစားဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက အေဘရာဟမ်ကိုလည်း ဘယ်လော့တီနဲ့ လူစားလဲခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ကို အဓိကတိုက်စစ်ကစားသမားတွေ မပါဘဲ ရင်ဆိုင်သွားခဲ့ရတာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က