တပတ်လုပ်ခပေါင် ၄ သိန်းကျော်အထိရရှိမှာဖြစ်ပါတယ်။

ဂျာမနီသတင်းစာကြီးဖြစ်တဲ့ Sport Bild ရဲ့ ဖော်ပြချက်အရ ဆာဒီယိုမာနေးဟာ ဘိုင်ယန်မြူးနစ်မှာ လုပ်ခလစာအားဖြင့် တနှစ်ကို ယူရို သန်း ၂၀ နီးပါးရရှိမယ်လို့ သိရပါတယ်။ အတိအကျအားဖြင့် မာနေးက ယူရို ၁၉.၈ သန်းအထိ ရရှိမှာဖြစ်ကာ တော်တော်လေးများပြားတဲ့ ပမာဏဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံးရကစားသမားစာရင်းထဲ ပါဝင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

မာနေးရဲ့လစာကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သူက တလကို လုပ်ခလစာ ယူရို ၁.၆၅ သန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။ တပတ်လုပ်ခလစာအားဖြင့် ပေါင် ၄၁၂၅၀၀ အထိ ရရှိမှာဖြစ်ပြီး မူလသတင်းတွေထွက်ပေါ်ခဲ့တာထက် ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။ တပတ်ပေါင်လေးသိန်းဆိုတဲ့ ပမာဏဟာ ပရီးမီးယားလိဂ်မှာဆိုရင်တော့ လုပ်ခလစာအများဆုံးထိပ်ဆုံးကစားသမား ၃ ဦးစာရင်းထဲတောင် ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ 

မာနေးဟာ လီဗာပူးလ်မှာ တပတ်ပေါင်တသိန်းသာရရှိခဲ့တယ်လို့ ထွက်ပေါ်လာခဲ့တဲ့ စာရွက်စာတမ်းတွေအရသိရပါတယ်။ ဒါပေမယ့် မာနေးရဲ့ အ​ေးဂျင့်ကတော့ အဆိုပါဖော်ပြမှုတွေက မမှန်ကန်ဘူးလို့ ဒီနေ့မှာ ငြင်းဆိုခဲ့ပြီး ပေါင်တသိန်းထက် ပိုမိုရရှိခဲ့တယ်လို့ ဖြေရှင်းခဲ့ကာ အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုလို့မရတာကြောင့် မာနေးရဲ့ လီဗာပူးလ်မှာရရှိတဲ့ လစာငွေပမာဏကို မသိရပါဘူး။ 

အခုအခါမှာ ဂျာမန်နာမည်ကျော်သတင်းဌာန BILD က ဖော်ပြခဲ့တာဖြစ်လို့ မာနေးရဲ့လစာငွေရရှိမှုက သေချာသလောက်တော့ရှိနေပါတယ်။ ဒါဟာ မာနေးရဲ့ ပရိသတ်တွေအတွက်တော့ ပျော်ရွှင်ကျေနပ်စရာဖြစ်ပြီး သူတို့ချစ်ခင်အားပေးတဲ့ ကစားသမားက ထိုက်တန်တဲ့ခံစားခွင့်တွေကို ရရှိတော့မှာဖြစ်သလို သူ့မွေးရပ်မြေကိုလည်း ပိုမိုကူညီမှုတွေ ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က