စိတ်ပျက်စရာကောင်းတဲ့ပုံစံနဲ့ ဖျက်ထုတ်မှုလို့ ဆင်ကလဲယားက ဆိုခဲ့ပြီး ပေါ်တူဂီသားဟာ အသင်းရှုံးပွဲကြောင့် ဒေါသထွက်နေခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာဒါဘီပွဲမှာ ဒီဘရိုင်းကို ဖျက်ထုတ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်တာဖြစ်တယ်လို့ မန်စီးတီးကစားသမားဟောင်းဆင်ကလဲယားက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ၂-၀ နဲ့ ယူနိုက်တက်တို့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲချိန်ဒုတိယပိုင်းမှာ ရော်နယ်ဒိုက ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး အဝါကတ်ပြားပြသခံခဲ့ရပါတယ်။
"သူရဲဘောကြောင်တဲ့လုပ်ရပ်လည်းဖြစ်ပါတယ်၊ ရော်နယ်ဒိုက ဒီဘရိုင်း၊ ဖာနန်ဒက်စ်တို့နဲ့ အဝေးကြီးမှာပါ၊ ကာတစ်ဂျုံးစ်ကိုလည်း သူ ဒီလိုပဲလုပ်ခဲ့တာပါ၊ သူက အမြဲတမ်းအနိုင်လိုချင်နေတဲ့သူဆိုတော့ ရှုံးနိမ့်တာကို မနှစ်သက်ပါဘူး" လို့ ဆင်ကလဲယားက talk Sport ကနေ ပြောဆိုသွားခဲ့ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီးတော့လည်း လူမှုကွန်ရက်မှာ ရော်နယ်ဒိုကို လှောင်ပြောင်ဝေဖန်မှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။