၃ လအတွင်း ခရီးသည် ၂ ယောက်အထိ အသတ်ခံခဲ့ရပြီးနောက် လမ်းကြောင်းတူ ခရီးသည် တစ်ယောက်မက စုပြီး ငှားရမ်းတဲ့ Carpooling ဝန်ဆောင်မှုကို Didi Chuxing မှ ရပ်နားထားတယ်လို့ဆိုပါတယ်။
Photo: BBC
Didi ရဲ့ Hitch service ဟာ လမ်းကြောင်းတစ်ခုကို အတူသွားမယ့် လူတွေ စုပြီး ငှားကြတဲ့ ဝန်ဆောင်မှုမျိုး ဖြစ်ပြီး ကုန်ကျစရိတ်ကို ခရီးသည်တွေ မျှခံကြတာ ဖြစ်လို့အတော်လေး လူကြိုက်များကြပေမယ့် ဒီဝန်ဆောင်မှုဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့က ဝမ်ကျောင်မှ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဟာ Didi ရဲ့ Hitch service သုံးပြီး ကားငှားခဲ့ရာကနေ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
လည်ပင်းမှာ ထိုးသွင်းဒဏ်ရာနဲ့အသတ်ခံရတာ ဖြစ်ပြီး ယာဉ်မောင်းကို ဖမ်းဆီးထားတယ်လို့လည်း ဒေသမီဒီယာများက ဖော်ပြထားပါတယ်။ အသက် ၂၇ နှစ်အရွယ် ဇောင်လိုခေါ်တဲ့ ဒီယာဉ်မောင်းဟာ ပြစ်မှု မှတ်တမ်းမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။ ရဲစစ်ချက်မှာတော့ သူဟာ ခရီးသည်ကို အဓမ္မကျင့်ပြီး သတ်ခဲ့ပါတယ်လို့ဝန်ခံထားပါတယ်။
တရုတ်ပြည်ရဲ့ အကြီးဆုံး မိုဘိုင်းအက်ပ်မှ ကားငှားတဲ့ app ဖြစ်တဲ့ Didi ဟာ ဒီဖြစ်ရပ်ကြောင့် Hitch ရဲ့ အထွေထွေမန်နေဂျာနဲ့ကုမ္ပဏီရဲ့ ဖောက်သည်ဝန်ဆောင်မှုပိုင်း ဒုဥက္ကဌဖြစ်သူ ဟွမ် ဂျင်ဟောင်တို့ကို ရာထူးမှ ထုတ်ပယ်ခဲ့သလို ဒီဝန်ဆောင်မှုကိုလည်း ပြန်ပြီး ဒီဇိုင်းဆွဲဖို့အတွက် ခဏ ရပ်ဆိုင်းလိုက်တယ်လို့ကြေငြာခဲ့ပါတယ်။
"ဒီဖြစ်ရပ်က ကျွန်တောတို့ရဲ့ ဖောက်သည်ဝန်ဆောင်မှု ဖြစ်စဉ်မှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေတယ်လို့ဖော်ပြလိုက်တာပါ။ အထူးသဖြင့် အရင်က ခရီးသည်တွေရဲ့ ဟောဒဂတက်မှုပေါ် အမြန် အရေးဖို့ပျက်ကွက်တာလည်း ပါပါတယ်။ ရဲတပ်ဖွဲ့နဲ့သတင်းအချက်အလက် မျှဝေတဲ့ နေရာမှာ အဆင်မပြေခဲ့တာတွေလည်း ပါဝင်ပါတယ်။ " လို့ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း Didi ယာဉ်မောင်းတစ်ယောက်ရဲ့ သားဟာ Hitch ရဲ့ night mode မျက်နှာပြင်ဖတ်စနစ် အားနည်းချက်ကို သုံးပြီး အဖေ့အကောင့်ထဲ ဝင်ရောက်ကာ ကားငှားသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ပါတယ်။
Photo: Kopitiam Bot
Didi Chuxing ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ride-sharing app ဖြစ်ပြီး ဧပြီလဆန်းပိုင်းက မက္ကဆီကိုမှာလည်း ဝန်ဆောင်မှု စတင် ပေးခဲ့ပါတယ်။
Share