မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခုပါ

တစ်နှစ်တာအတွက် အခမ်းနားဆုံး iPhone မိတ်ဆက်ပွဲကြီးကတော့ ဒီနေ့ည ၁၁ နာရီခွဲမှာ Live လွှင့်ပြီး ကြေငြာသွားတော့မှာပါ။

ဒီနှစ်အတွက် Apple ရဲ့ အဓိက ထုတ်ကုန်ဟာ iPhone တွေဆိုပေမယ့် နောက်ထပ် စိတ်ဝင်စားစရာ ထုတ်ကုန်နဲ့နည်းပညာတစ်ချို့ကလည်း Apple ပွဲတွေမှာ မပါမဖြစ် မြင်နေကျ ထုတ်ကုန်တွေ ဖြစ်လို့ဒီနေ့ဘာတွေ မိတ်ဆက်သွားမလဲဆိုတာ ရင်ခုန်စရာ ဖြစ်လာပါတယ်။

 

(၁) iPhone သစ်များ

20235.jpg

Photo: Tech Rader

 

Apple သမိုင်းမှာ ဒီဇိုင်း အသစ်စက်စက်ကို ပြောင်းခဲ့တဲ့ နှစ်တွေ ရှိခဲ့ပါတယ်။ iPhone 4 ၊ iPhone 5 ၊ iPhone 6/6 Plus နဲ့iPhone X တို့ဟာ Apple ထုတ် iPhone လောက်မှာ လူပြောများခဲ့တဲ့ ဒီဇိုင်းသစ် တွေပါပဲ။ ဒီနှစ်မှာတော့ အကြီးအကျယ်ပြောင်းလဲတာကို ထပ်မြင်ရမှာပါ။

အမြင်သာဆုံး အပြောင်းအလဲတစ်ခုက iPhone တွေ သိပ်ပြီး မျက်နှာပြင်ဆိုဒ်ကြီးလာတာပါပဲ။ အရင်နှစ် iPhone X ဟာ မျက်နှာပြင် ၅.၈ လက်မနဲ့အကြီးဆုံး ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ iPhone X ဆိုတာာ သေးသေးလေးလို့တောင် ပြောရမယ့် အခြေအနေ ရောက်လာပါပြီ။

မျက်နှာပြင် ၆.၅ လက်မအရွယ်အစားထိ ပါမယ့် iPhone XS Max နဲ့အတူ မျက်နှာပြင် ၆.၁ လက်မ LCD display ပါ မော်ဒယ်ကလည်း ဒီနှစ်မှာ စောင့်ကြည့်ရမယ့် iPhone ပါ။

နောက်ထပ် ထူးခြားတာက OLED မော်ဒယ် နှစ်မျိုးအထိ ပါလာပြီး တန်ဖိုးအနည်းဆုံး LCD မော်ဒယ်ကလည်း iPhone XS နဲ့XS Max တို့လို Face ID ပါလာတော့မယ်လို့ဆိုပါတယ်။ ဒီနှစ်ကစပြီး Apple ဟာ fingerprint အခြေခံ 3D Touch နည်းပညာကို လုံးဝဖြုတ်သွားဖို့လည်း ရှိပါတယ်။

 

(၂) Apple Watch Series 4

Apple-Watch-Series-4-Concept-960x640.jpg

Photo: The Apple Post

 

စတုတ္ထမျိုးဆက် Apple စမတ်နာရီဖြစ်ပြီး ၂၀၁၅ မှာ စထုတ်ခဲ့တဲ့ original မော်ဒယ်ကနေ အများကြီး ပြောင်းလာတဲ့ Apple Watch တစ်ခုအဖြစ် မြင်ရမှာပါ။ သတင်းတွေအရ Series 4 စာ မျက်နှာပြင် ပိုကြီးလာတဲ့ Edge-to-Edge ဒီဇိုင်းနဲ့ထွက်လာမယ်လို့ဆိုပါတယ်။ watchOS 5 ကို မိတ်ဆက်ထားတဲ့ Apple ကတော့ Series 4 မှာ အလိုအလျောက် workout ထောက်လှမ်းရေး စနစ် ၊ walkie-talkie mode များနဲ့ပိုမိုကောင်းမွန်သားနားတဲ့ noti စနစ်တွေ ထည့်သွင်းသွားမှာပါ။

 

(၃) Airpower နဲ့accessories များ

AirPower.jpg

Photo: wccftech

 

အရင်နှစ်က Apple ဟာ ကြိုးမဲ့အားသွင်းနိုင်တဲ့ Airpower charging pad ကို မိတ်ဆက်ထားပါတယ်။ တစ်ခါတည်းနဲ့iPhone ၊ Apple Watch နဲ့AirPod သုံးမျိုးစလုံးကို အားသွင်းနိုင်တဲ့ Airpod အပြင် ဒီနှစ်မှာ ဗားရှင်းသစ် ကြိုးမဲ့ AirPods နားကြပ်တွေ မိတ်ဆက်မယ်လို့သတင်းထွက်နေပါတယ်။

 

(၄) Apple TV နဲ့ရှိုးပွဲအသစ်များ

apple-tv-lifestyle-720x720.jpg

Photo: Digital Trends

 

Apple TV နဲ့ပတ်သက်ပြီး အသစ်တစ်ခုက Apple ဟာ Oprah နဲ့အခြားဗွီဒီယို team တွေနဲ့ပေါင်းထားလို့ဘယ်လို ဇာတ်လမ်းတွဲသစ်တွေ ဝန်ဆောင်မှုသစ်တွေ ပေးသွားမလဲ စောင့်ကြည့်ရမှာပါ။

 

(၅) iPad Pro သစ်များ

screen-shot-2018-09-04-at-10-22-55-am.png

Photo: CNET

 

ဒီနှစ်မှာ USB C charger နဲ့အားသွင်းနိုင်ပြီး Face ID ပါဝင်တဲ့ iPad Pro သစ်တွေလည်း Apple က မိတ်ဆက်မယ်လို့သတင်းထွက်ထားပါတယ်။ နောက်ထပ် သတင်းကောင်းက 18W output ပါဝင်မယ့် ဘက်ထရီစနစ်ကို ဒီတက်ဘလက်သစ်တွေမှာ သုံးနိုင်မယ်ဆိုတာပါပဲ။

ဒါတွေကတော့ Apple ပွဲမှာ မိတ်ဆက်ဖို့သေချာသလောက် ရှိတဲ့ ထုတ်ကုန်တွေပါ။ တစ်ခြားဘယ်လို ထုတ်ကုန်တွေမြင်ရမလဲဆိုတာကတော့ ထပ်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က