ဒီညမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အစဉ်အလာကြီးမားတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကို အတူတကွ စုစည်းအားပေးနိုင်ဖို့အတွက် Duwun Sports ကကြီးမှူးပြီး Watch Party ကျင်းပပေးမှာဖြစ်ပါတယ်။
ဒီနေ့ည ၁၁နာရီအချိန်မှာအင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်ကို နှစ်ဖက်အသင်းပရိသတ်တွေစုစည်းအားပေးနိုင်ဖို့အတွက် Watch Party ကို Duwun Sports ကကြီးမှူးကျင်းပပေးမှာပါ။
Watch Party ကို ဖိတ်ကြားထားတဲ့ အာဆင်နယ်အသင်း Officila Fans Club Member တွေနဲ့ မန်ချက်စတာယူနိုက်တက် Official Fans Club Member တွေအပြင် ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်အားပေးကြမှာဖြစ်ပါတယ်။ ကျင်းပမယ့်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မနော်ဟရီလမ်းထဲက Burbit Taproom မှာဖြစ်ပါတယ်။ Duwun Sports ရဲ့Watch Party ဖြစ်မြောက်ဖို့အတွက် Burbit Brewery ကလည်း ပ့ံ့ပိုးကူညီပေးထားပါတယ်။
Watch Party မှာ ဘောလုံးပွဲမစခင် နှစ်ဖက်အသင်းအကြောင်းကို ပြောဆိုဆွေးနွေးမယ့် Debate အစီအစဉ်၊ ဉာဏ်စမ်းမေးခွန်းလေးတွေဖြေပြီးဆုလက်ဆောင်ရယူနိုင်မယ့် အစီအစဉ်တွေလည်းပါဝင်မှာပါ။ Watch Party မှာ ပါဝင်မယ့်အစီအစဉ်တွေကိုလည်း Duwun Sports Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်က Duwun Sports ကကျင်းပတဲ့ ဒုတိယမြောက် Watch Party ဖြစ်ပြီး နောက်လာမယ့် ပွဲကြီးပွဲကောင်းတွေကို စုစည်းကြည့်ရှုနိုင်အောင်လည်း ဆက်လက် စီစဉ်သွားမှာဖြစ်ပါတယ်။