ခွင့်တိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့(အောက်တိုဘာ၁၈ရက်)မှာ ပြုလုပ်တဲ့ ရုံးချိန်းသို့ တရားစွဲဆိုခြင်း ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော် တက်ရောက်လာခြင်း မရှိပါဘူး။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(အောက်တိုဘာ၁၈ရက်)မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းသို့ တက်ရောက်လာခြင်း မရှိပါဘူး။ ဝေဠုကျော် ရုံးချိန်းမတက်ရောက် ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ဝေဠုကျော်ရဲ့ ရှေ့နေက ယခုလို ပြောပြခဲ့ပါတယ်။

“ကိုဝေဠုကျော်က ဒီနေ့ ဝန်ကြီးဌာနကနေ ဖိတ်ထားတဲ့အစည်းအဝေးသွား တက်နေရတယ် ။ရုံးချိန်းမတက်တဲ့အတွက် တရားရုံးကို ခွင့်တင်ရတယ်။ ခွင့်တင်တဲ့အထဲမှာလည်း ကိုဝေဠုကျော် မရှိပေမယ့် အမှုကြန့်ကြာမှု မရှိအောင် ရှေ့နေကနေ တာဝန်ယူ စစ်ဆေးခွင့်ရှိတယ် လေ။အမှုကြန့်ကြာမှု မရှိအောင် ကျွန်တော်စစ်ပေးမယ်ပေ့ါ။ ဒါပေမယ့် တစ်ဖက်က ရှေ့နေ က ဒါကြီးက ထုံးလမ်းအစဉ်လာကြီး ဖြစ်သွားမယ်ဆိုပြီး ကန့်ကွက်လို့ မစစ်ခဲ့ရပါဘူး” လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ဦးဝေဖြိုးမြတ်က ပြောပါတယ်။

ဒါကြောင့် ဒီနေ့မှာ အမှုမစစ်ဖြစ်ခဲ့သလို ရုံးချိန်းကိုလည်း နောက်လသို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဝေဠုကျော်ရုံးချိန်း ပျက်ကွက်ခဲ့တဲ့အပေါ် တရားလို သင်းသင်းရဲ့ သဘောထားကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“ခွင့်တင်ထားတယ်။အစည်းအဝေးရှိလို့ဆိုပြီး တင်သွားတာပေ့ါ။ ပျက်ကွက်တာ ၅ချိန်းလောက် ရှိပြီ။ အမကတော့ တစ်ချိန်းမှ မပျက်ထားဘူး။ သူတို့က မြန်မြန်ပြီးချင်တယ်လို့ပြောတာ ပျက်တာ က သူတို့ပဲ ပျက်တာ။ ဒီနေ့ ဘာမှ မပြောဖြစ်ဘူး” လို့ ဆိုပါတယ်။

 

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံရခဲ့ပါတယ်။

Share

Loading Next Article...
က္က