ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးနေပေမယ့် လစာကိစ္စကြောင့်ကြန့်ကြာနေတာပါ။

ပြင်သစ်လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း၆၀အထိသုံးစွဲဖို့ရှိနေတယ်လို့ Daily Mail သတင်းဌာနာက ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာကို ဥရောပထိပ်သီးကလပ်အသင်းအများစုစိတ်ဝင်စားနေပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းခေါ်ယူနိုင်ဖို့အတွက် အလုအယက်ကြိုးပမ်းနေကြပါတယ်။ ဒီအသင်းတွေထဲမှာ ငွေသုံးကြမ်းတဲ့ ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒီဂီယာကို လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေတယ် ဆိုပေမယ့်လည်း ဘယ်လ်ဂျီယမ်ဂိုးသမား ကော်တိုရစ်ရှိနေတဲ့အတွက် ပြောင်းရွှေ့ဖွယ်မရှိဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိအသင်းဂိုးသမား ဘူဖွန်နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားသစ်တစ်ဦး ရှာဖွေနေတာဖြစ်ပြီး ဒီဂီယာက ဦးစားပေးပစ်မှတ်ဖြစ်တယ်လို့ ပြင်သစ်မီဒီယာတွေကရေးသားဖော်ပြနေကြပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ ဒီဂီယာအတွက် ပီအက်စ်ဂျီအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း၆၀အထိသုံးစွဲဖို့ရှိနေပြီး မန်ချက်စတာယူနိုက်တက်အသင်းကို တရားဝင်ကမ်းလှမ်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီဂီယာကို စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးနေပေမယ့် လစာကိစ္စကြောင့်ကြန့်ကြာနေတာပါ။

ပီအက်စ်ဂျီအသင်းကတော့ ဒီဂီယာကို တစ်ပတ်လုပ်ခလစာ ပေါင် သုံးသိန်းခွဲအထိပေးဖို့လည်း အသင့်ရှိနေတယ်လို့သိရပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီဂီယာကိုခေါ်ယူနိုင်ဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းနဲ့အဓိကပြိုင်ဆိုင်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကလည်း ဒီဂီယာသာ စာချုပ်သက်တမ်းမတိုးခဲ့ရင် ရောင်းချဖွယ်ရှိနေပါတယ်။

Share

Loading Next Article...
က္က