ဒီဂီယာကို အသင်းကနေ ရှင်းထုတ်ခိုင်းနေတာပါ။

ယူနိုက်တက်ရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက အသင်းရဲ့ အဓိကဂိုးသမား ဒီဂီယာအနေနဲ့ လက်ရှိအသင်းမှာ ဒုတိယဦးစားပေး ဂိုးသမားတောင်မဖြစ်သင့်ကြောင်းနဲ့ သူ့ကို အသင်းကနေ အမြန်ဆုံး ရှင်းထုတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးခဲ့သူပါ။



ဒါ့အပြင် ရာသီ နောက်ဆုံးပွဲအဖြစ် ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မီထရိုဗစ်ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရွိုင်ကိန်းကတော့ ဒီဂီယာအပေါ် အကောင်းမမြင်ဘဲ ဒီဂိုးသမားကို ယူနိုက်တက်မှာ ဆက်မရှိသင့်ဘူးလို့ ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ်။

ရွိုင်ကိန်းက “ယူနိုက်တက်အနေနဲ့ မနှစ်ကထက် ခံစစ်ပိုင်းကို ပိုမိုတိုးတက်လာအောင် လုပ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဆိုးရွားလွန်းပါတယ်။ ယူနိုက်တက်ကစားသမားအားလုံးက ဒီဂီယာရဲ့နောက်က ရပ်တည်ပေးနေကြပါတယ်။ ကျွန်တော်ကတော့ သူ့ကို အသင်းကနေ မြန်မြန်ထွက်စေချင်ပါတယ်”

“ကျွန်တော့်အတွက်တော့ ဒီဂီယာမလိုပါဘူး။ သူကလည်း ယူနိုက်တက်ကို ဆုဖလားတွေ ပြန်ရလာအောင် မလုပ်ပေးနိုင်ပါဘူး။ လုံးဝကို မလုပ်ပေးနိုင်တာပါ။ ဒီဂီယာကိုလည်း အသင်းမှာ ဒုတိယဂိုးသမားအဖြစ်တောင် မထားသင့်တော့ပါဘူး။ သူကလည်း ဒါကို လိုချင်မှာ မဟုတ်သလို အသင်းမှာလည်း ဆက်နေမှာ မဟုတ်ပါဘူး။ သူက ထိုက်သင့်တဲ့ စွမ်းဆောင်ရည်ကို ပြပြီးပါပြီ”

“တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအချို့ကိုလည်း ရခဲ့ပြီးသားပါ။ ဒါပေမယ့် ကြီးမားတဲ့ပြဿနာက ဘာလဲ။ အသင်းက ဘာမှမရတာပါပဲ။ နောက်ပိုင်းနှစ်တွေမှာ သူက အမှားတွေ အရမ်းကျူးလွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ နောက်ပြီး သူက အသင်းကနေ ထွက်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက်လည်း ကြိုးစားခဲ့ပါသေးတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က