ဒင်းဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူဖို့ပါ စီစဉ်နေတာပါ။

အသက် ၂၉ နှစ်အရွယ် စပိန်ဂိုးသမားကလည်း အသင်းက ရောင်းချမယ်ဆိုပါက လာလီဂါကို ပြန်သွားနိုင်သလို ဂျူဗင်တပ်စ် ဒါမှမဟုတ် ပီအက်စ်ဂျီတို့ကို ပျော်ပျော်ကြီးပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အဓိကဂိုးသမားဒီဂီယာကို ရောင်းချသွားနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Goal.com ရဲ့ ဖော်ပြချက်အရ အသက် ၂၉ နှစ်အရွယ် စပိန်ဂိုးသမားကလည်း အသင်းက ရောင်းချမယ်ဆိုပါက လာလီဂါကို ပြန်သွားနိုင်သလို ဂျူဗင်တပ်စ် ဒါမှမဟုတ် ပီအက်စ်ဂျီတို့ကို ပျော်ပျော်ကြီးပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

ဒီဂီယာဟာ ယူနိုက်တက်နဲ့ ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အဓိကဂိုးသမားအဖြစ် ကာလရှည်ရပ်တည်နေခဲ့တဲ့ ဒီဂီယာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတွေတချို့မှာ အကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့ပြီး ပုံမှန်လက်စွမ်းရဖို့ရုန်းကန်နေခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ရှက်ဖီးကိုအငှားချထားတဲ့ လူငယ်ဂိုးသမားဒင်းဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတာလည်းဖြစ်ပါတယ်။ 

အသက် ၂၂နှစ်အရွယ် ဂိုးသမားဟန်ဒါဆန်ဟာ ရှက်ဖီးကို ပရီးမီးယားလိဂ်ဆီတက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ဥရောပဝင်ခွင့်ရရှိဖို့အတွက် အကောင်းဆုံးအခြေအနေဖြစ်အောင် ကူညီပေးထားခဲ့ပါတယ်။ အင်္ဂလန်ရဲ့ အနာဂတ်ကြယ်ပွင့်လို့လည်း တင်စားခံခဲ့ရပြီး ယူနိုက်တက်က ဖလားပြိုင်ပွဲတွေမှာ လက်စွမ်းပြနေတဲ့ ရိုမဲယိုးလည်းရှိနေလို့ ဒီဂီယာကို ရောင်းချဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ 

ဒီဂီယာကိုရောင်းချပြီး လာမယ့်နွေရာသီအတွက် ပြောင်းရွှေ့ကြေးအသုံးပြုလို့ရအောင်လည်း ယူနိုက်တက် တွေးတောခဲ့တာဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့မယ်ဆိုရင် ဝင်ငွေရရှိမှုအပိုင်းက ဒီရာသီလိုပဲ လျော့နည်းနေဦးမှာဖြစ်လို့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ငွေကြေးပိုမိုသုံးစွဲလို့ရအောင် ဒီဂီယာကို ရောင်းချနိုင်ချေရှိနေတာဖြစ်ပါတယ်။ 

စပိန်လက်ရွေးစင်ဂိုးသမားဟာ ယူနိုုက်တက်အတွက် ၉ ရာသီကြာကစားပေးထားခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံစုစုပေါင်း ၃၉၂ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ နှစ်အတွင်းမှာ ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိရရှိခဲ့သလို အသင်းဖော်တွေအချင်းချင်းပေးအပ်တဲ့ အကောင်းဆုံးဆုကိုလည်း ၃ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 

Share

က္က