ယူနိုက်တက်နဲ့အတူ အောင်မြင်မှုများစွာ ရရှိခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမား အက်ဒွင်ဗန်ဒါဆားဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဂိုးသမား ဒီဂီယာကို ‘မင်းက အစားထိုးလို့မရနိုင်တဲ့ ဂိုးသမားမဟုတ်ဘူး’လို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ကစားသမားဖြစ်ပြီး လာမယ့်ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြည်ပက အသင်းတွေနဲ့ အကြိုသဘောတူညီမှုရယူခွင့်ရရှိတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဗန်ဒါဆားက ဒီဂီယာအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အစားထိုးနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗန်ဒါဆားဟာ ဒီဂီယာရဲ့လက်စွမ်းဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ဖြစ်ကြောင်း သိရှိနေပေမယ့်လည်း ဒီဂီယာရဲ့ စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ဆုံးဖြတ်ချက်က တိကျတဲ့အခြေအနေတစ်ခုကို ရောက်ဖို့ လိုပါတယ်”

“အဲဒါက အခုဆို တော်တော်လေးကြာနေပါပြီ။ အဲဒီတော့ အဲဒီကိစ္စက ခေါင်းညိတ်တာ ဒါမှမဟုတ် ခေါင်းခါရုံပါပဲ။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်ရဲ့ ဒါရိုက်တာမဟုတ်ပါဘူး”

“တခြားဂိုးသမားတွေကလည်း ကွာဟမှုကို ဖြည့်ဆည်းနိုုင်ပါတယ်။ ကလပ်အသင်းမှာ နောက်တစ်ဆင့်တက်လှမ်းနိုင်တဲ့ ပရီးမီးယားလိဂ်ဂိုးသမားအနည်းငယ် ရှိနေပါတယ်”

“ကျွန်တော် အသက် ၃၄ နှစ်လောက်တုန်းက ယူနိုက်တက်ကို သွားခဲ့တယ်။ အဲဒီတော့ အဲဒီမှာ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က