ဒီဂီယာကို ပြန်လွမ်းနေကြပါပြီ။

ယူနိုက်တက်တို့ ဂါလာတာစာရေးကို ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်ပရိသတ်တွေဟာ သူတို့ရဲ့ ဂိုးသမားဟောင်း ဒီဂီယာကို တွစ်တာပေါ်မှာ ပြန်လည်ရှာဖွေနေကြကြောင်း သိရှိရပါတယ်။ ယူနိုက်တက်တို့ မနေ့ညက အိုးထရက်ဖို့ဒ်မှာတင် အရေးနိမ့်ခဲ့တာဖြစ်ပြီး အိုနာနာအပါအဝင် ကစားသမားတွေရဲ့ စိတ်ပျက်စရာ အမှားတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။



ယူနိုက်တက်အတွက်တော့ ချန်ပီယံလိဂ်မှာ အုပ်စုအဖွင့်နှစ်ပွဲဆက်တိုက် အရေးနိမ့်တာက အသင်းရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲပြီးတဲ့နောက်မှာ ယူနိုက်တက်ရဲ့ ဂိုးသမားဟောင်း ဒီဂီယာက ဆိုရှယ်မီဒီယာပေါ်မှာ ရှာဖွေမှုအများဆုံး ဖြစ်လာခဲ့ပါတယ်။


ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒီဂီယာကို စာချုပ်သက်တမ်းမတိုးဘဲ အသင်းကနေ ရှင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် အိုနာနာကို ခေါ်ယူခဲ့ပြီး အိုနာနာကတော့ စိတ်ပျက်ဖွယ် ကစားပုံကိုသာ ပြသနေပါသေးတယ်။ မနေ့ညကပွဲမှာလည်း ပိုမိုကောင်းမွန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါလျက်နဲ့ ဂိုးပေးခဲ့ရသလို ကက်စ်မဲရိုးရဲ့ အနီကတ်အတွက်လည်း လူပေးမှားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း အခုချိန်မှာ ယူနိုက်တက်ပရိသတ်တွေက ဒီဂီယာကို ပြန်လည်လွမ်းဆွတ်နေကြဟန်ရှိပြီး ဒီဂီယာက ဆိုရှယ်မီဒီယာမှာ Trending တစ်ခု ဖြစ်လာခဲ့တာပါ။ ပရိသတ်တစ်ယောက်က “တန်ဟက်ခ်အနေနဲ့ သူ့ကိုယ်သူ ခက်ထန်ကြမ်းတမ်းတယ်၊ ရော်နယ်ဒို၊ ဒီဂီယာတို့လို ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်နိုင်တယ်ဆိုရင် လာမယ့်ပွဲတွေမှာလည်း အိုနာနာကို အရန်ခုံပို့သင့်ပါပြီ”

“ဒီဂီယာဟာ ယူနိုက်တက်ပရိသတ်တွေ ကိုယ်စား တောင်းပန်ပါတယ်။ ငါတို့ကို ခွင့်လွှတ်ပါ” “ဒီဂီယာက ယူနိုက်တက်ကို ကယ်တင်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ အိုးထရက်ဖို့ဒ်ကွင်းပြင်ပမှာ ရုပ်တုတောင် ထားပေးသင့်ပါတယ်” လို့လည်း အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က