ဒီဂီယာနဲ့ ရက်ရှ်ဖို့တို့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် ယခင် အမြဲတမ်း နည်းပြ မော်ရင်ဟို ရှိစဉ်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဂိုးသမား ဒီဂီယာနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ နှစ်ဦး ကိုရာသီမကုန်ခင် စာချုပ်သက်တမ်း တိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ Daily Mail က ဖော်ပြလာပါတယ်။
ယခင် အမြဲတမ်း နည်းပြ မော်ရင်ဟို ရှိစဉ်ကတည်းက ဒီကိစ္စကို အကောင်အထည်ဖော်နေခဲ့တာ ဖြစ်ပေမယ့် ဒီနေ့ အချိန်အထိ မပြီးပြတ်သေးတာ ဖြစ်ပါတယ်။
ဒီကိစ္စကို အမှုဆောင် ဒု-ဥက္ကဌ အက်ဝက်ဝုဒ်က အမြန်ဆုံး သက်တမ်းရှည်စာချုပ်တစ်ရပ် ချုပ်ဆိုလိုနေတာ ဖြစ်တယ်လို့လည်း Daily Mail က ဖော်ပြထားတာပါ။
မနေ့က(ကြာသပတေး)တော့ အသင်းရဲ့ ရှယ်ယာရှင်တွေကို ခေါ်ယူပြီး အသင်းရဲ့ယာယီုနည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ကို ရာသီမကုန်ခင် အဆုံးအဖြတ်ပေးသွားမယ်လို့လည်း ဆိုထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာ အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာနဲ့ ညှိုနှိုင်းနေပြီး တိုက်စစ်မှူး ရက်ရှ်ဖို့နဲ့လည်း အကြို ညိှိုနှိုင်းမှုတွေ ပြုလုပ်ထားနှင့်ပြီလို့ ဆိုပါတယ်။
ဒီဂီယာကတော့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားတာ ဖြစ်ပြီး သူတောင်းဆိုထားတဲ့ ပမာဏ တစ်ခု ရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ကစားသမားနှစ်ဦးစလုံးကတော့ ၂၀၂၀ နွေရာသီမှာ စာချုပ်ကုန်ဆုံးကြမှာ ဖြစ်ပြီး မာတာနဲ့ဟာရဲရားတို့ကတော့ ဒီနွေရာသီမှာ အလွတ်ထွက်ခွာခွင့်ရှိနေကြပါတယ်။
မာရှယ်၊လုခ်ရှော၊စမောလင်း၊တွန်မီနေး၊ဖီးလ်ဂျုံးစ်နဲ့အက်ရှ်လေယန်းတို့ကိုတော့ စာချုပ်သက်တမ်း ကိုယ်စီ ထပ်တိုး ချုပ်ဆိုထားနိုင်ပြီ ဖြစ်ပါတယ်။
မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ ကြားရက်က ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ပွဲရှုံးနိမ့်ပြီး ဆိုးလ်ရှားလက် ထက် ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ထားရပါတယ်။
လာမယ့် တနင်္လာနေ့ည(အင်္ဂါနံနက်)မှာတော့ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်ကို ဆက်လက် ကစားရဖို့ ရှိနေပါတယ်။
Share