ရမ်စ်ဒေးလ်ကို ဝေဖန်ခဲ့တာပါ။

လီဗာပူးဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါက အာဆင်နယ်အနေနဲ့ ရမ်စ်ဒေးလ်ကို ပထမဦးစားပေး ဂိုးသမားအဖြစ် အသုံးပြုနေရင်တော့ ဘယ်တော့မှ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ လက်ရှိ အာဆင်နယ်မှာ အဓိကဂိုးသမားတွေအဖြစ် ရမ်စ်ဒေးလ်၊ ဒေးဗစ်ရာယာတို့ ရှိနေတာပါ။



ရာယာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်က လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရာယာဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်နဲ့ပွဲစဉ်မတိုင်ခင်အထိ ပွဲထွက်ခွင့်မရရှိခဲ့ဘဲ ရမ်စ်ဒေးလ်ကသာ အာဆင်နယ်ရဲ့ ပွဲထွက်ဂိုးသမားအဖြစ် နေရာရခဲ့ပါတယ်။ အဲဗာတန်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာတော့ ရာယာက ပွဲထွက်ခဲ့ပြီး ရာယာနဲ့ ရမ်စ်ဒေးလ် ဘယ်သူ့ကို ဦးစားပေး အသုံးပြုသင့်လဲဆိုတာ အာဆင်နယ်ပရိသတ်တွေကြားထဲမှာတောင် အငြင်းပွားနေရပါတယ်။

ကာရေဂါကတော့ “ရာယာက ရမ်စ်ဒေးလ်ထက် ရာနှုန်းပြည့် ပိုကောင်းပါတယ်။ အာဆင်နယ်ကတော့ ရမ်စ်ဒေးလ်ကို ဦးစားပေးသုံးနေရင် ဘယ်တော့မှ ပရီးမီးယားလိဂ်ဖလားရမှာ မဟုတ်ပါဘူး။ ဘာအခွင့်အရေးမှကို မရှိတာပါ။ ရမ်စ်ဒေးလ်က အာဆင်နယ်မှာ ကစားနေရတာတောင်မှ အင်္ဂလန်မှာ အရွေးမခံရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

ရာယာအတွက် အာဆင်နယ်တို့ ပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်း အသုံးပြုခဲ့ရပါတယ်။ သူ့ကို အာဆင်နယ်တို့ ခေါ်ယူချိန်မှာ ယူနိုက်တက်ဂန္တဝင်ဂိုးသမားဟောင်းကြီး ကက်စပါရှမိုက်ကယ်ကလည်း အာဆင်နယ်ကို ဝေဖန်ခဲ့ပြီး ဒီလိုမျိုး ဂိုးသမားတွေကို အလှည့်ကျသုံးစွဲလို့မရနိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က