တကယ်ကို ကြောက်စရာစွမ်းဆောင်ရည်ပါပဲ။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ဒီရာသီမှာ ဟာလန်းရဲ့ သွင်းဂိုးက ၁၄ ဂိုးအထိ ဖြစ်သွားခဲ့ပါပြီ။ ဒီအတွက် သူက ၈ ပွဲသာ ကစားခဲ့ရပြီး ဟက်ထရစ် ၃ ကြိမ်အထိ ရရှိခဲ့သလို တစ်ပွဲကို ပျမ်းမျှအားဖြင့် ၁.၉ ဂိုးနှုန်းအထိ သွင်းယူနေခဲ့တာပါ။ ဒီ ဂိုးသွင်းနှုန်းအတိုင်းသာ သူ ဆက်သွင်းနေမယ်ဆိုရင် ရာသီကုန်မှာ ၆၇ ဂိုးအထိ ရရှိမှာလည်းဖြစ်ပါတယ်။ 

ဒါက တော်တော်လေးကို များပြားတဲ့သွင်းဂိုးနှုန်းဖြစ်ပြီး ဘောလုံးသမိုင်းမှာ တရာသီအတွင်း အမှတ်ပေးသွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာမယ့် အခွင့်အရေးတောင်ရှိနေတာပါ။ ဒီလိုအမြဲလုပ်ပြနေဖို့က မလွယ်ကူဘူးဆိုပေမယ့်လည်း ဒီကစားသမားရဲ့ လက်ရှိလုပ်ဆောင်ပြနေမှုတွေက မဖြစ်နိုင်ဘူးလို့ ဘယ်သူကမှ တပ်ဆပ်မပြောရတဲ့ ပုံစံမှာ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဆွန်ဟောင်မင်၊ ဆာလာတို့က ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးခဲ့ပါတယ်။ လက်ရှိမှာ ဟာလန်းက အဲဒီရွှေဖိနပ်ဆုရှင်တွေရဲ့ ပြီးခဲ့တဲ့ရာသီ သွင်းဂိုးကို လိုက်မီဖို့ ၉ ဂိုးသာလိုတော့တာပါ။ ပွဲပေါင်း ၃၀ တောင်မှ ကစားဖို့ကျန်နေသေးပြီး အရမ်းကို အံ့အားသင့်စရာကောင်းတဲ့ ဂိုးသွင်းနှုန်းနဲ့ ခြေစွမ်းကို ပြသနေတာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပေမယ့် ဟာလန်းက လိဂ်ကို သူ့ကိုယ်ပိုင်လိဂ်လိုမျိုးကို လုပ်ပြနေတာဖြစ်ပါတယ်။ နာမည်ကျော်ပရီးမီးယားလိဂ်ကို လယ်သမားလိဂ်ဖြစ်သွားအောင်ကို ဟာလန်းက စွမ်းဆောင်ပြနေတယ်လို့ ပရိသတ်တွေက ချီးကျူးနေခဲ့ကြသလို သူ့ကို ရပ်တန့်အ​ောင်လုပ်နိုင်မယ့် ကစားသမားလည်း ဒီလိဂ်မှာမရှိသေးဘူးလို့ အကြီးအကျယ်ချီးမွမ်းခန်းဖွင့်နေကြပါပြီ။ 


တကယ်လည်းပဲ ဟာလန်းက ဒီလိုချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာကို ပြသထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က