ဘာစီလိုနာက ဒီဂျောင်ကို ပေးစရာတွေရှိနေသေးတာပါ။

ဘာစီလိုနာအနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို မရောင်းဖြစ်ခဲ့ရင် လာမယ့် (၄) နှစ်အကြာမှာ ကစားသမားအပေါ် အကြွေးပေါင် (၇၅) သန်း တင်ရှိမယ်လို့ သိရှိရပါတယ်။ အဆိုပါ နယ်သာလန်ကွင်းလယ်လူကိုခေါ်ယူဖို့ ယူနိုက်တက်က အသည်းအသန်ကြိုးစားနေပါတယ်။



ဒါပေမယ့် ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဒီဂျောင်ကို အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ကတ်တလန်မှာပဲ ဆက်နေလိုပါတယ်။ တဖက်မှာလည်း ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ဒီဂျောင်အနေနဲ့ လစာလျှော့ယူဖို့ လိုအပ်ပါတယ်။ ဒီအချက်ကိုတော့ ဒီဂျောင်က လိုက်လျောလိုခြင်းမရှိပါဘူး။

ဒါ့အပြင် ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို မရောင်းချဘဲ အသင်းမှာဆက်လက်ထိန်းသိမ်းထားခဲ့ရင်တော့ လာမယ့် (၄) နှစ်မှာ ပေါင် (၇၅) သန်းကျော် အကြွေးပြန်တင်သွားမယ်လို့ မက်ဒရစ်မြို့အခြေစိုက်သတင်းစာတစောင်က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကိုခေါ်ခဲ့တဲ့ (၂၀၁၉) မှာတုန်းက ကစားသမားကို တနှစ်လုပ်ခ ပေါင် (၁၂) သန်းဝန်းကျင်ပေးချေရမယ်လို့ စာချုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်ကာလနဲ့ အခုဘဏ္ဍာရေးပြဿနာတွေကြောင့် ဒီငွေကြေးတွေကို အပြည့်အဝမပေးချေနိုင်ခဲ့ပါဘူး။ (၂၀၂၁) မှာ ကစားသမားကို ပေါင် (၂.၅) သန်း သာ လစာပေးချေနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာတော့ ပေါင် (၇.၇၅) သန်း သာရရှိခဲ့ပါတယ်။ လာမယ့်ရာသီမှာလည်း ဒီဂျောင်ရဲ့ ပုံမှန်တနှစ်လုပ်ခက နှစ်ဆမြင့်တက်မှာဖြစ်ပြီး ပေါင် (၂၃) သန်းရရှိရတော့မှာပါ။

ဒီပမာဏကိုလည်း ဘာစီလိုနာက ပေးချေနိုင်ဖွယ်မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရာသီကပေးချေခဲ့တဲ့အတိုင်း ပေါင် (၇.၇၅) သန်းသာ လစာပေးချေနိုင်ခဲ့ရင် ဒီဂျောင်ကို လာမယ့်ရာသီအတွက် အကြွေးက ပေါင် (၁၅) သန်းအထိ ရှိလာမှာပါ။ အဲ့ဒါကြောင့် အရင်ကြွေးကျန်တွေနဲ့ နောက်ထပ် (၄) နှစ်စာ ထပ်ပေါင်းလိုက်ရင် ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကို ပေါင် (၇၅) သန်းကျော်အကြွေးတင်မှာပါ။ ဒီအထဲမှာ ဒီဂျောင်ရသင့်တဲ့အပိုဆုကြေး ပေါင် (၂.၅) သန်းလည်း ပါဝင်ပါတယ်။

ဒီအချက်အလက်တွေကိုတော့ မာကာသတင်းဌာနက အတည်ပြုပေးနိုင်ပြီး ဘာစီလိုနာအနေနဲ့ ဒီဂျောင်ကိုရောင်းချ၊ မရောင်းချကို စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် ဘာစီလိုနာဟာ နောက်ခံလူ ပီကေးကိုလည်း လုပ်ခလစာကြွေးကျန် ယူရိုသန်း (၅၀) ပေးချေဖို့ ကျန်ရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က