ယူနိုက်တက်အတွက် ရော်နယ်ဒိုရဲ့ပြသနာက ဂိုးတွေသွင်းပေးနေတာပဲလို့ ဆိုခဲ့တာပါ။

ချယ်လ်ဆီးနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လှပတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက န​ောက်ပြောင်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ Sky Sports ကတဆင့် အစီအစဉ်တင်ဆက်နေချိန်မှာ ရွိုင်ကိန်းက ရော်နယ်ဒိုကို ချီးကျူးပြောဆိုရင်းနဲ့ နောက်ပြောင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ချေပဂိုးကို လှပတဲ့ကန်သွင်းချက်၊ တိကျတဲ့အဆုံးသတ်မှုနဲ့ ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကန်သွင်းချက်က တော်တော်လေးအဆင့်မြင်သလို ဘောလုံးကို ထိန်းသိမ်းပုံ၊ အားပါပါနဲ့ ကန်သွင်းပုံတွေက ချယ်လ်ဆီးဂိုးသမားမန်ဒီ ဘယ်လိုမှမကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရကာ ယူနိုက်တက်တို့ အဆိုပါဂိုးကြောင့် သရေတမှတ်ရယူနိုင်ခဲ့ပါတယ်။ 

ရွိုင်ကိန်းက "ရော်နယ်ဒိုက အသင်းရဲ့ပြသနာတခုပဲဗျ၊ အပတ်တိုင်းမှာ သူ ဂိုးသွင်းနေတာ၊ ဒါကြီးက မဟုတ်သေးဘူး၊ သူ့အတွက် ပြသနာက အဲဒီလိုဂိုးတွေသွင်းနေတာပဲ" လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်တို့ ရလဒ်မကောင်းချိန်မှာ ရော်နယ်ဒိုကိုတည်ပြီး အသင်းကို တည်ဆောက်နေရလို့ ပေါ်တူဂီသားက ပြသနာဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရည်ရွယ်ခဲ့တာလို့လည်း ယူဆရပါတယ်။ 

ရော်နယ်ဒို ဂိုးသွင်းခြေပျောက်ဆုံးနေချိန်မှာလည်း သူ့အပေါ် ဝေဖန်မှုတွေက ရှိနေခဲ့ပြီး ယူနိုက်တက်အတွက် ရော်နယ်ဒိုက ပြသနာကြီးသဖွယ်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ အခုအခါမှာ ရွိုင်ကိန်းက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ယူနိုက်တက်ရင်ဆိုင်နေရတဲ့ ပြသနာက အပတ်တိုင်းမှာ ကစားသမားက ဂိုးသွင်းပေးနေတာပဲဖြစ်တယ်လို့ အရွှန်းဖောက်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က