မော်ရင်ဟိုကိုယ်တိုင်ပဲ ဒီကစားသမားကို ခေါ်ယူထားတာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ရဲ့ ကြံ့ခိုင်မှုအပေါ် စိတ်ပျက်နေကြောင်း သိရှိရပါတယ်။ အဆိုပါ ပေါ်တူဂီလူမျိုး ကွင်းလယ်လူဟာ အသင်းကိုရောက်တာ (၁၀) ပတ်ခန့်သာရှိပါသေးတယ်။



ဒါပေမယ့် ဒီကစားသမားက ရှရစ်ဖ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲမှာ ပွဲထွက်ကစားခဲ့ပြီး (၂၈) မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ ရီနာတိုဆန်းချက်စ်ဟာ အရင်ကတည်းက ဒဏ်ရာမှတ်တမ်းဆိုးရှိခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။

ဆန်းချက်စ်ဟာ ရိုးမားတို့ ဆလာနီတာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေပွဲမှာလည်း (၂၅) မိနစ်သာ ဝင်ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုမှာလည်း ကြွက်သားနာကျင်မှုကို အကြောင်းပြပြီး လေ့ကျင့်ခန်းဆက်မဆင်းဘဲ ထွက်ခွာသွားခဲ့ပါတယ်။

မော်ရင်ဟိုကတော့ “ရီနာတိုဆန်းချက်စ်နဲ့ အာဝါတို့နှစ်ယောက်စလုံး ကစားနိုင်ဖို့ လိုအပ်ပါတယ်။ သူတို့က ရစ်သမ်မိဖို့ လုံလောက်တဲ့ ပြင်းထန်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ရီနာတိုနဲ့ ပတ်သက်လာရင် အမြဲတမ်း စွန့်စားနေရပြီး ဒါက နားလည်ဖို့ ခက်ပါတယ်။ ဘိုင်ယန်မြူးနစ‌်ရော၊ ပီအက်စ်ဂျီရော သူ့ကို နားမလည်နိုင်ခဲ့ဘဲ အခု ကျွန်တော်တို့လည်း အခက်ကြုံနေရပါပြီ”

“သူက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ (၄၅) မိနစ်ပဲ ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ (၃) ရက် အနားယူပြီး ပြန်ကစားရတော့လည်း (၂၇) မိနစ်နဲ့ ကွင်းထဲကနေ ထွက်သွားရပြန်ပါတယ်။ သူ့မှာ အမြဲတမ်း ဒဏ်ရာသံသယရှိနေပြီး ဘာကြောင့် ဒီလောက် ဒဏ်ရာရနေလဲ နားလည်ရခက်ပါတယ်” လို့ ငြီးတွားပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က