ချဲလ်ဆီးကို အားပေးခဲ့ဖူးတာပါ။

နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာကို ပရိသတ်တွေက ချဲလ်ဆီးရဲ့ (၁၂)​ ယောက် ကစားသမားအဖြစ် လှောင်ပြောင်ဝေဖန်နေကြပါတယ်။ အဆိုပါ အင်္ဂလန် ကစားသမားဟာ ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ အမှားတွေ ကျူးလွန်ခဲ့တာပါ။



နယူးကာဆယ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကော်လမ်ဝီလ်ဆင်ရဲ့ သွင်းဂိုးနဲ့အတူ ပွဲချိန်တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် နောက်ဆုံးမိနစ်ရဲ့ နာကျင်အချိန်ပိုမှာ မူဒရစ်ခ်က ချဲလ်ဆီးအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မူဒရစ်ခ်ရဲ့ သွင်းဂိုးက ထရစ်ပီယာရဲ့ အမှားကြောင့် ရရှိသွားခဲ့တာဖြစ်ပါတယ်။​ အဲ့ဒီနောက် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာလည်း ထရစ်ပီယာက ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။
အဲ့ဒါကြောင့် ချဲလ်ဆီးတို့ နောက်ကျသွင်းဂိုးနဲ့အတူ ပင်နယ်တီအဆုံးအဖြတ်မှာပါ အနိုင်ရရှိသွားခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ချန်ပီယံလိဂ်ကထွက်ရအပြီး နောက်တစ်ပတ်အကြာမှာပဲ ကာရာဘောင်ဖလားကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေကတော့ ထရစ်ပီယာရဲ့ (၂၀၁၄) ခုနှစ်က “လုပ်စမ်းပါ ချဲလ်ဆီး” ဆိုပြီး အားပေးထားတဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကို ပြန်လည်အစဖော်ကာ ထရစ်ပီယာကို ချဲလ်ဆီးရဲ့ (၁၂) ယောက် ကစားသမား၊ ချဲလ်ဆီးရဲ့ ပရိသတ်တစ်ယောက်အဖြစ် လှောင်ပြောင်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က