အာတီတာကတော့ ဇာဗီရဲ့ပြောစကားကို တုံ့ပြန်သွားခဲ့တာပါ။

မနေ့က မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ပွဲကတော့ ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် မြိုင်မြိုင်ဆိုင်ဆိုင်အဖြစ် ပရိသတ်တွေအတွက် ရသမျိုးစုံ ပေးစွမ်းခဲ့ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်က ဘာစီလိုနာကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြားမှာလည်း တင်းမာမှုတွေ ရှိခဲ့ပါတယ်။



ဘာစီလိုနာနည်းပြ ဇာဗီကလည်း အာဆင်နယ် ကစားသမားတွေက  ချန်ပီယံလိဂ်ပွဲတစ်ပွဲလို ကစားသွားတယ်ဆိုတာ အာတီတာကို ပြောဖြစ်ခဲ့ကြောင်း၊ ဒါက ချစ်ကြည်ရေးခြေစမ်းပွဲအတွက် သမာန်မဟုတ်ကြောင်း၊ ဒါပေမယ့် လူတိုင်းက အနိုင်ရလိုတာကို နားလည်ကြောင်း၊ ဒါက အသင်းအတွက် ပထမဆုံးခြေစမ်းပွဲဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အာတီတာကတော့ “နောက်ဆုံးမှာတော့ ဘောလုံးဆိုတာ ကစားသမားတွေနဲ့ပဲ သက်ဆိုင်သွားပါတယ်။ ကျွန်တော်တို့က ပရိသတ် (၇) သောင်းရှေ့မှာ ကစားနေရပြီး ပွဲစပြီဆိုတာနဲ့ ကစားသမားတွေက နည်းပြကို ပုန်ကန်ချင်လည်း ပုန်ကန်မှာပါ။ သူတို့ လုပ်ချင်တာလည်း လုပ်မှာပါ”

“နောက်ပြီး အဲ့ဒီပွဲမှာ ပထမဆုံးပြစ်ဒဏ်ဘောကနေ စဖြစ်ခဲ့တော့တာပဲ။ အဲ့ဒီနောက်မှာတော့ ကစားသမားတွေက တကယ်ကစားခဲ့ကြပြီး ပွဲကလည်း ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာ ယူနိုက်တက်ကို ၂-၀ ဂိုး၊ ပင်နယ်တီအဆုံးအဖြတ် ၅-၃ ဂိုးနဲ့ တစ်ပွဲတည်းမှာ နှစ်ခါရှုံးခဲ့တာပါ။

အဲ့ဒီပွဲမှာ အာဆင်နယ် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုက ယူနိုက်တက်ကို မယှဉ်နိုင်ခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရပြီး ဘာစီလိုနာနဲ့ပွဲမှာတော့ အာဆင်နယ်ကစားသမားတွေက ပြန်လည်ပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ သူတို့ရဲ့ ရာသီကြိုခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် မိုနာကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲကို ကစားရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က