မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်ကစားသမားဟောင်းကြီး အဲရစ်ကန်တိုနာက ဒီနေ့ည ကစားမယ့် အက်ဖအေဖလားဗိုလ်လုပွဲအတွက် အသင်းဟောင်း ကစားသမားတွေကို အားပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ကန်တိုနာက ဒီပွဲမှာ အသင်းဟောင်းယူနိုက်တက်အနိုင်ရမယ်လို့ပါ ပြောဆိုခဲ့ပြီး ကစားသမားတွေအနေနဲ့ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပါ ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်က အောက်အသင်းအဖြစ် သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။ မန်စီးတီးကသာ အနိုင်ရဖို့ ရေပန်းစားနေပြီး ယူနိုက်တက်အနေနဲ့ ပြိုင်ဘက်ရဲ့ ဖလားသုံးလုံးအိပ်မက်ကို ဟန့်တားဖို့က လွယ်ကူမှာမဟုတ်ဘူးလို့ အားလုံးက ယူဆထားကြပါတယ်။
ကန်တိုနာက "အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် လုပ်လိုက်စမ်းပါ ယူနိုက်တက်၊ မင်းတို့ ဒီဖလားကို ရယူနိုင်ပါတယ်၊ ဘယ်သူ့ကိုမဆို၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ် မင်းတို့ အနိုင်ကစားနိုင်ပါတယ်" လို့ ပြောဆိုခဲ့တာပါ။
ဒီနေ့ဗိုလ်လုပွဲကိုတော့ ည ၈း၃၀ နာရီမှာ ကစားမှာဖြစ်ပါတယ်။ ယူနိုက်တက်မှာတော့ ဒဏ်ရာကြောင့် မာတီနက်ဇ်၊ မာရှယ်တို့ လွဲချော်မှာဖြစ်ပြီး မန်စီးတီးကတော့ လူစုံတက်စုံနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။