မက်တော်မီနေးကို အလိုက်ပေးဖို့ စီစဉ်နေတာပါ။

ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်ကို​ ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူမက်တော်မီနေး ဒါမှမဟုတ် နောာက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အာဆင်နယ်ထက် လက်ဦးမှုရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒီကလန်ရိုက်ကို အာဆင်နယ်က ၂ကြိမ်ကမ်းလှမ်းထားပြီး ၂ကြိမ်စလုံး ဝက်စ်ဟမ်းက ငြင်းဆန်ထားတာပါ။ 

ဝက်စ်ဟမ်းကလည်း ယူနိုက်တက်ကနေ ထွက်ခွာရဖွယ်ရှိနေတဲ့ ကွင်းလယ်လူ တော်မီနေးကို စိတ်ဝင်စားနေတဲ​့ အသင်းဖြစ်ပါတယ်။ တော်မီနေးက ယူရိုခြေစစ်ပွဲတွေမှာ စကော့တလန်အတွက် ခြေစွမ်းပြကစားနေပြီး ၅ ဂိုးအထိ သွင်းယူပေးထားကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ 

ဒ့ါအပြင် ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်က ဟယ်ရီမက်ဂွိုင်းယားကိုလည်း သဘောကျနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ယောက်ထဲက နှစ်သက်ရာတဦးကို ဒီကလန်ရိုက်ရဲ့ အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အသုံးပြုသွားဖို့ ယူနိုက်တက်က ကြံရွယ်လာခဲ့တာပါ။ 

အသက် ၂၄ နှစ်အရွယ် ဒီကလန်ရိုက်ကို အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းက အနည်းဆုံးပေါင်သန်း ၁၀၀ ရရှိမှ ရောင်းချမယ်လို့ ပြောဆိုထားတာပါ။ ဒါကြောင့် အာဆင်နယ်က ပေါင်သန်း ၉၀ နဲ့ ကမ်းလှမ်းခဲ့တာကို သူတို့က ငြင်းဆန်ခဲ့လို့ ယူနိုက်တက်အတွက်လည်း ခေါ်ယူရဖို့က ခက်ခဲနေမှာ သေချာပါတယ်။ 

လက်ရှိမှာ နိုင်ငံအသင်းအတွက် ခြေစွမ်းပြနေတဲ့ မက်တော်မီနေးနဲ့ ဆွဲဆောင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်လို့ ယူနိုက်တက်က ယုံကြည်ဟန်ရှိပါတယ်။ အာဆင်နယ်ကလည်း နောက်ထပ်ကမ်းလှမ်းမှုတွေ လုပ်ဖို့ အားထုတ်နေလို့ ဒီကလန်ရိုက်အတွက် ပြိုင်ဆိုင်မှုတွေက အရှိန်မြင့်တက်လာဦးမှာ သေချာပါတယ်။ 

Share

Loading Next Article...
က္က