ဒီကနေ့ နိုဝင်ဘာလ (၂၆)ရက်နေ့ မနက်အစော (၆)နာရီ (၁၅)မိနစ်အချိန်ခန့်က ထန်တလန်မြို့အနီးမှာ ရစ်(ခ်)တာစကေး (၆.၀)အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဟားခါးမြေငလျင်စခန်းကနေ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်ကွာဝေးပြီး ထန်တလန်မြို့ရဲ့ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။
အဆိုပါမြေငလျင်လှုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတချို့မှာ မြေတုန်ခါမှုများဖြစ်ပေါ်ခဲ့ပြီး ချင်းပြည်နယ် ဒေသတစ်ခုလုံးမှာတော့ သိသာတဲ့ မြေတုန်ခါမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
မြေငလျင်တိုင်းတာရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ
ယနေ့ (၉)နာရီအချိန်လောက်မှာပဲ ထပ်မံပြီးတော့ ချင်းပြည်နယ် ထန်တလန်မြို့ အနောက်တောင်ဘက် (၅)မိုင်ကျော်အကွာမှာ ရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားသေးငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။