စပိန်နဲ့အတူ ကမ္ဘာ့ဖလားပွဲ ဝင်နွှဲချင်နေတာပါ။

ပီအက်စ်ဂျီနောက်ခံလူရာမို့စ်ကတော့ စပိန်လက်ရွေးစင်အသင်းမှာ သူ့ကိုမရွေးချယ်ခဲ့လို့ စိတ်တော်တော်ပျက်နေပါတယ်။ SPORT ရဲ့ ဖော်ပြချက်အရ ရာမို့စ်က သူ အကောင်းဆုံးပုံစံမှာရှိနေပါလျက်နဲ့ ခေါ်ယူခြင်းမခံရတာကို စိတ်ဓာတ်ကျနေတယ်လို့သိရပြီး စပိန်က ပေါ်တူဂီ၊ ဆွစ်ဇာလန်တို့နဲ့ နေးရှင်းလိဂ်ပွဲတွေကို ကစားရမှာဖြစ်ပါတယ်။ 

စပိန်နည်းပြအင်းနရစ်ကတော့ လီဗာပူးလ်ကွင်းလယ်လူသီယာဂို၊ ဘာကာတိုက်စစ်မှူးအန်ဆူဖာတီတို့ကိုလည်း ချန်လှပ်ထားတာပါ။ ဒါပေမယ့် မျက်နှာသစ်ကစားသမားတွေအဖြစ် ဘော်ဂျာနဲ့ နီကိုဝီလီယံတို့ကိုတော့ ခေါ်ယူထားပါတယ်။ အသက် ၃၅ နှစ်အရွယ် ရာမို့စ်က ပီအက်စ်ဂျီမှာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ပုံမှန်ကစားခွင့်ရရှိပြီး ခြေစွမ်းပြနေသူပါ။ 

ရာသီအစကတည်းက သူက တောက်လျှောက်တိုးတက်မှုကို ပြသနေတာတောင်မှ အခုလိုချန်လှပ်ခံရတာကို စိတ်ပျက်နေပြီး ကမ္ဘာ့ဖလားကို လိုက်ပါခွင့်မရမှာကိုလည်း အရမ်းစိုးရိမ်နေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ပီအက်စ်ဂျီက ပြိုင်ပွဲစုံ ၁၁ ပွဲကစားထားရာမှာ ရာမို့စ်က ၁၀ ပွဲအထိ ပါဝင်ကစားပေးထားပြီးတော့ ၁ ဂိုးသွင်းယူထားသလို ၆ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ 

အင်းနရစ်ကတော့ "ဘယ်စပိန်ကစားသမားအတွက်မှ ကျနော် တံခါးမပိတ်ထားပါဘူး၊ အားလုံးကို ရွေးချယ်နိုင်အောင် ဖွင့်ပေးထားတာပါ၊ ဘယ်ကစားသမားတွေက ကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရမလဲဆိုတာ ကျနော်မသိဘူး၊ ခင်ဗျားက ၈၀% လောက်ဆိုရင်လည်း အဲဒီအတိုင်းပေါ့ဗျာ၊ ကျနော်ကတော့ မသိဘူး၊ ရာမို့စ် ပြန်ကစားနေတာက သတင်းကောင်းပဲ၊ သူ ဒဏ်ရာကြောင့် တနှစ်ခွဲလောက်နားနေခဲ့ရတာလေ၊ အခုတော့ သူ ကောင်းကောင်းလုပ်နေပါပြီ"

"ခင်ဗျားတို့ ပြောစေချင်တာကို ကျနော်ပြောနိုင်တယ်၊ ဒါပေမယ့် ကျနော်ကတော့ နေရာအလိုက်မှာ အကောင်းဆုံးဖြစ်နေသူတွေကိုပ​ဲ ရွေးမှာပါ၊ ဒါပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ စပိန်ကတော့ ကမ္ဘာ့ဖလားမှာ ကော်စတာရီကာ၊ ဂျာမနီ၊ ဂျပန်တို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး အုပ်စုတွင်းမှာ ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ရမှာပါ။ 

Share

Loading Next Article...
က္က