ဘာစီလိုနာတို့ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ အစဥ်အလာကြီးမားတဲ့ အိမ်ကွင်းနူးကမ့်ကွင်းကြီးထဲမှာ မင်္ဂလာဆောင်အပြင် အခြားသော ထူးခြားခမ်းနားတဲ့ပွဲတွေ ကျင်းပဖို့အတွက် လမ်းဖွင့်ပေးလိုက်ပါတယ်။ ဒီအတွက် မတူညီတဲ့စျေးနှုန်း၊ သတ်မှတ်ချက်တွေရှိပြီး ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလောက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရရှိမှာပါ။



လက်ရှိ နူးကမ့်မှာ ဧည့်သည် (၂၅) ယောက်ကနေ အယောက် (၅၀) အထိ လက်ခံလို့ရတဲ့ မင်္ဂလာပွဲတပွဲအတွက် ယူရို (၁,၆၀၀) စျေးသတ်မှတ်ထားပြီး ဧည့်သည် အယောက် (၃၀၀) ကနေ (၁,၀၀၀) အထိ ဝင်ဆံ့တဲ့ မင်္ဂလာပွဲအတွက်တော့ ယူရို (၁၃,၅၀၀) ကုန်ကျတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာဟာ ဇွန် (၃၀) မတိုင်ခင် ယူရိုသန်း (၅၀၀) ကျော်ကို အရရှာဖွေရမှာဖြစ်ပါတယ်။

ဒါဟာ သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကြောင့်ဖြစ်ပြီး ပရိသတ်တွေကိုလည်း နူးကမ့်ကွင်းကြီးထဲ ဘောလုံးပေးကစားဖို့ ပြင်ဆင်ထားပါတယ်။ ဇွန် (၆) ကနေ ဇွန် (၁၁) အတွင်း နူးကမ့်ကွင်းကြီးထဲမှာ ဘောလုံးကစားချင်တဲ့သူ တယောက်ချင်းစီအနေနဲ့ တနာရီကို ယူရို (၃၀၀)၊ ဒီလိုကစားတာကို ကြည့်ရှုဖို့အတွက်ဆိုရင် ယူရို (၃၀) စျေးသတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဒီလိုကစားသူတွေအနေနဲ့ အဝတ်လဲခန်း၊ ရေချိုးခန်းတို့ကို အသုံးပြုနိုင်မှာဖြစ်ပြီး သာမန်ပွဲတွေအတိုင်း ဥမင်လှိုဏ်ခေါင်းထဲကနေ အဝင်အထွက် ပြုလုပ်နိုင်မှာပါ။ ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကြောင့် ကစားသမားတွေကိုလည်း လစာထပ်မံလျှော့ယူဖို့ တောင်းဆိုထားသေးတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က