ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ခဲ့ပြီး အဲဗာတန်နဲ့လည်း အဆင်ပြေတော့မယ်လို့ ဆိုပါတယ်။

စျေးကွက်ထဲမှာ တိတ်တဆိတ်နဲ့လှုပ်ရှားနေတ​ဲ့ တော့တင်ဟမ်ဟော့စပါးကတော့ အဲဗာတန်တိုက်စစ်မှူးရစ်ချာလီဆန်ကို ခေါ်ယူဖို့အတွက် အသဘောတူညီမှုရသွားခဲ့ပြန်ပါပြီ။ ကစားသမားရဲ့အေးဂျင်နဲ့ စပါးတို့ကြားမှာ ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေရရှိခဲ့တယ်လို့ သိရပြီး ကာလရှည်စာချုပ်ချုပ်ဆိုသွားဖို့ရှိကာ အဲဗာတန်နဲ့ ညှိနှိုင်းဖို့သာရှိတော့တယ်လို့ သိရပါတယ်။ 

ဒါဟာ ချယ်လ်ဆီးကလည်း စိတ်ဝင်စားနေတဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို စပါးက လက်ဦးမှုရယူလိုက်နိုင်တာလည်းဖြစ်ပါတယ်။ ရစ်ချာလီဆန်အတွက် စပါးရဲ့ကြိုးပမ်းမှုက သိပ်တောင်မှမကြာမြင့်ခဲ့ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ဆက်တိုက်ဆိုသလိုပဲ သူတို့စိတ်ဝင်စားနေသူတွေအတွက် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

လိဒ်ယူနိုက်တက်ကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်ဆိုပေမယ့် ဘာစီလိုနာက ကြားဝင်ကာကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါမှာလည်း သူတို့စိတ်ဝင်စားနေတဲ့ ရစ်ချာလီဆန်ကို စပါးက လက်ဦးမှုယူသွားခဲ့ပြီဖြစ်လို့ တူချယ်လ်ရဲ့ အသင်းအတွက်တော့ ခြေတလှမ်းနောက်ကျကျဖြစ်နေကာ စျေးကွက်ထဲမှာ ကစားသမားသစ်ခေါ်ယူဖို့ ကြန့်ကြာနေပြီဖြစ်ပါတယ်။ 

ရစ်ချာလီဆန်အတွက် စပါးက ပေါင်သန်း ၆၀ အထိ ပေးချေရဖွယ်ရှိနေပြီး ဒါဟာ ဝက်ဖို့ဒ်ကနေ အဲဗာတန်တို့ခေါ်ယူစဉ်က ပေးချေရတဲ့ ပြောင်းရွှေ့ကြေးထက် ပေါင် ၁၀ သန်းများပြားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရစ်ချာလီဆန်က အဲဗာတန်အတွက် ၁၀ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးခဲ့ပေမယ့် အသင်းကတော့ တန်းမဆင်းရဖို့အတွက် အသည်းအသန်ရုန်းကန်ခဲ့ရပါတယ်။ 

စပါးနည်းပြကွန်တီကလည်း ဆွန်ဟောင်မင်နဲ့ ကိန်းတို့ကိုပဲ အားကိုးနေရတဲ့ တိုက်စစ်ပိုင်းအတွက် ရစ်ချာလီဆန်နဲ့ခေါ်ယူအားဖြည့်ချင်နေခဲ့တာပါ။ ချန်ပီယံလိဂ်ကစားရမှာဖြစ်လို့လည်း လူစာရင်းပိုင်းတောင့်တင်းအောင် ကြိုးစားနေပြီး ဘာစီလိုနာနောက်ခံလူလန်ဂ်လက်အတွက်လည်း ကြိုးစားနေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က