144Hz Refresh Rate သုံးထားပါတယ်

Motorola ရဲ့ စမတ်ဖုန်းဆန်းသစ်မှုထဲက အသစ်တစ်မျိုးကို အမေရိကန်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

Motorola Edge တတိယမျိုးဆက် Motorola Edge (2022) ဟာ Upper Mid-Range တန်းဝင် ဖုန်းတစ်လုံးဖြစ်ပြီး Dimensity 1050 SoC သစ်ကို ပထမဆုံး အသုံးပြုလာတဲ့ စမတ်ဖုန်းအဖြစ် ဈေးကွက်ဝင်လာတာပါ။ Motorola ဟာ စမတ်ဖုန်းကင်မရာ Sensor သစ် ၊ Chipset သစ်တို့ကို တခြား OEMs တွေထက် ဦးဦးဖျားဖျား သုံးလေ့ရှိတဲ့ ကုမ္ပဏီဖြစ်လို့ Motorola Edge (2022) မှာ Chipset သစ်ကို အစောဆုံးသုံးလာတာ Motorola အထာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 





Dimensity 1050 ဟာ mmWave 5 နဲ့လာတဲ့ 6nm Chip သစ် ဖြစ်ပြီး 2.5GHz Cortex-A78 CPU Cores နှစ်ခု ၊ 2.0GHz A55 Cores ၆ ခု နဲ့ Mali G610 MC3 GPU တို့ ပါရှိပါတယ်။ Mid-Range တန်း ဖုန်းတစ်လုံးအတွက် အားကောင်းတဲ့ Processor တစ်ခုဖြစ်ပြီး sub-6GHz 5G ဖုန်းတွေထက် အင်တာနက်မြန်နှုန်း ပိုမြန်ဆန်လာမှာပါ။ ဒီ Processor နဲ့အတူ RAM 8GB/256GB Storage နဲ့ တွဲထားပြီး Stock ဗားရှင်းနီးပါး Pure ဖြစ်တဲ့ Android 12 စနစ်နဲ့ ထွက်လာပါတယ်။ 

Motorola Edge 2022 ဟာ 5000mAh ဘက်ထရီ ၊ 30W TurboPower အားသွင်းနည်းပညာနဲ့ လာပြီး 15W Wireless Charging စနစ် အထောက်အပံ့ပေးထားပါတယ်။ တခြားဖုန်းတွေကို အားပြန်သွင်းပေးဖို့လည်း 5W Reverse Charging စနစ် ထည့်ပေးထားပါတယ်။ ဖုန်းဗူးထဲမှာတော့ USB-C cable လေးပဲ ပါပြီး Charger တော့ ကိုယ့်ဘာသာပဲ ဝယ်ရမှာပါ။ Motorola Edge (2022) ဟာ ၇.၉၉ မီလီမီတာ ထူပြီး ၁၇၀ ဂရမ်ပဲ လေးပါတယ်။ 

IP52 ရေစိုဖုန်တင်ဒဏ်ခံနိုင်ရည်ရှိပြီး မျက်နှာပြင်ဆိုဒ် ၆.၆ လက်မ FHD+ OLED Panel နဲ့ လာပါတယ်။ Display ပိုင်းမှာ အရင် Motorola Edge တွေအတိုင်း 144Hz Refresh Rate ပံ့ပိုးထားသလို HDR10+ support လည်း ပေးထားလို့ အကောင်းဆုံး Display တွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ဗွေကို ဖုန်းမှန်ပြင်အောက်မှာ ထည့်သွင်းပေးထားပါတယ်။ ကျောဘက်ကင်မရာစနစ်အနေနဲ့ OIS ရုပ်ငြိမ်စနစ်ပါ 50MP Main Sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 13MP Wide Camera နဲ့Depth Sensor တစ်ခုလည်း ပါရှိပါတယ်။ ရှေ့ဘက် Punch Hole ကင်မရာပေါက်ထဲမှာ 32MP Sensor သုံးထားပါတယ်။


3.5mm Headphone Jack မပါပေမယ့် Dolby Atmos အသံစနစ်ပါ စပီကာနှစ်လုံး ထည့်ပေးထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ WiFi 6E ၊ Bluetooth 5.2 ၊ NFC နဲ့ Sub-6 နဲ့ mmWAve 5G ချိတ်ဆက်မှု ပါဝင်ပြီး ဈေးနှုန်း ဒေါ်လာ ၅၀၀ (မြန်မာငွေ ၁၀ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က