ပရီမီယံဒီဇိုင်းနဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးဖြစ်တဲ့ ZERO 5G 2023 မော်ဒယ်ကို Infinix က မိတ်ဆက်လိုက်ပါတယ်။
စွမ်းဆောင်ရည်မြင့်မားပြီး Storage အမြင့်နဲ့ လာတဲ့ ဒီဖုန်းဟာ နောက်ဆုံးပေါ် Android 13 အခြေခံ XOS 12 စနစ်နဲ့ မောင်းနှင်ထားတဲ့ဖုန်းပါ။ Infinix ZEro 5G 2023 ဟာ 6nm 5G Chipset သစ်ဖြစ်တဲ့ Dimensity 1080 Processor ကို ပထမဆုံး သုံးထားပါတယ်။
Photo: GSMArena
Dimensity 1080 ရဲ့ octa-core CPU ထဲမှာ 2.6GHz နှုန်းအထိ တင်နိုင်တဲ့ Arm Cortex-A78 Processor ၂ ခု ပါရှိပြီး App အဖွင့်တွေ မြန်ဆန်သလို ဂိမ်းကစားမှုအတွေ့အကြုံလည်း သွက်လက်ချောမွေ့စေမယ်လို့ ဆိုပါတယ်။ အရင်မျိုးဆက်ထက် Performance ဘက် ၁၀% နဲ့ CPU Upgrade ပိုင်း ၈% ပို တက်လာသလို network bandwidth တိုးဖို့ 4G ကွန်ရက်နဲ့ WiFi ကို ပေါင်းစည်းပြီး ပါဝါသုံစွဲမှု နည်းအောင် အလိုအလျောက် ထိန်းကျောင်းပေးနိုင်တဲ့ Clever 5G mode နဲ့ စမတ်ကွန်ရက်ခွဲဝေမှုတို့လည်း ပါဝင်ပါတယ်။
Infinix Zero 5G 2023 ဟာ Stroage 256GB နဲ့အတူ 13GB အထိ ထပ်တိုးနိုင်တဲ့ RAM 8GB လည်း ထည့်သွင်းထားလို့ Storage အမြင့်စား ဖုန်းတစ်လုံးကို ဈေးသင့်တင့်နဲ့ ဝယ်ယူနိုင်မှာပါ။ မျက်နှာပြင်ဆိုဒ် ၆.၇၈ လက်မဟာ FHD+ LCD Display သုံးထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate နဲ့ လာပါတယ်။
Refresh Rate ကို 60Hz ၊ 120Hz နဲ့ Auto-Smart Switch Refresh Rate ဆိုပြီး Mode သုံးမျိုး ပြောင်းပေးနိုင်ပါတယ်။ Adaptive Refresh Rate ပါတာဖြစ်လို့ Screen ရဲ့ ပါဝါသုံးစွဲမှုကို လျှော့ချပြီး ဘက်ထရီသက်တမ်းကို ပိုတာရှည်ခံစေမှာပါ။ ဖုန်းဘက်ထရီပါဝါကို အကြီးစား 5000mAh သုံးထားပြီး 33W Fast Charging ပံ့ပိုးပေးထားပါတယ်။
Photo: GSMArena
ကျောဘက်ကင်မရာအိမ်ကို ကွေးညွှတ် ကင်မရာ Bump အခုံး သုံးထားပြီး 50MP AI ကင်မရာ ၊ 2MP Depth Sensor နဲ့ 2MP Macro Lens တို့ ထည့်သွင်းထားပါတယ်။ အလင်းအားနည်းချိန် ဓါတ်ပုံရိုက်ချက်တွေမှာ Super Night Mode နဲ့ Night Filter လို လုပ်ဆောင်ချက်တွေ ပါရှိပြီး Main Camera မှာ 960fps Slow Motion စနစ် အထောက်အပံ့ပေးထားပါတယ်။
Zero 5G 2023 မော်ဒယ်ကို Pearly White ၊ Coral Orange နဲ့ Submariner Black သုံးရောင်နဲ့ လာပြီး ဈေးနှုန်း ၂၃၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ ဈေးကွက်ပေါ် လိုက်ပြီးလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။