ကျစ်ကျစ်လျစ်လျစ် ဘော်ဒီဆိုဒ်နဲ့ အလတ်စားတန်း OnePlus Nord စီးရီးဖုန်းသစ် ထွက်ရှိလာပါတယ်။
OnePlus Nord 2 ရဲ့ အဆက် Nord 2T ဟာ MediaTek Dimensity 1300 Chipset ကို ပထမဆုံးသုံးလာတဲ့ဖုန်းအဖြစ် ဖော်ပြထားပါတယ်။ TSMC ရဲ့ 6nm Process နဲ့ ထုတ်ထားတဲ့ ဒီ chipset သစ်ဟာ ပြီးခဲ့တဲ့ တစ်လလောက်ကမှ မိတ်ဆက်ထားတာဖြစ်ပြီး 3GHz Arm-Cortex A78 Core ၁ ခု ၊ 2.6GHz A78s Core ၃ ခု နဲ့ ပါဝါအစားသက်သာတဲ့ 2GHz A55s Core ၄ ခု ပါပြီး GPU အနေနဲ့ Arm Mali-G77 MC9 နဲ့ လာပါတယ်။
မျက်နှာပြင်အရွယ်အစား ၆.၄၃ လက်မ ရှိပြီး FHD+ AMOLED display ၊ 90Hz Refresh Rate သုံးထားပါတယ်။ Display Panel ကို အကြမ်းခံတဲ့ Gorilla Glass 5 မှန် အုပ်ထားပြီး ဘယ်အပေါ်မှန်ထောင့် punch hole cutout ထဲမှာ 32MP Selfie ကင်မရာ ထည့်ပေးထားပါတယ်။ ကျောဘက်ထောင်လိုက်စတုဂံ ကင်မရာအိမ်ထဲမှာ 50MP Sony IMX766 Main Sensor ၊ 8MP Ultrawide Snapper နဲ့ 2MP Monochrome Sensor ဆိုပြီး ကင်မရာ ၃ လုံး ပါရှိပါတယ်။
ဘက်ထရီပါဝါ 4500mAh ဟာ 80W SuperVOOC Charging အမြန်အားသွင်းစနစ် ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ကိုတော့ Android 12 ကို အခြေခံထားတဲ့ OxygenOS 12.1 စနစ် သုံးထားပြီး Jade Fog နဲ့ Gray Shadow နှစ်ရောင်နဲ့ ထွက်ရှိပါတယ်။ RAM 8/128GB Storage ဗားရှင်းကို ယူရို ၄၀၀ (မြန်မာငွေ ၈ သိန်းခန့်) ကနေ စပြီး RAM 12/256GB Storage ဗားရှင်းကို ယွမ် ၅၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။