မြန်မာငွေ ၅ သိန်းဝန်းကျင်ဈေးကနေ စတင်ရောင်းချသွားမှာပါ

Xiaomi လက်အောက်ခံ Poco စမတ်ဖုန်းကုမ္ပဏီရဲ့ ဒုတိယမြောက် 5G ဖုန်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

Poco M4 Pro 5G ဟာ ဒီနှစ်ထဲမှာ ထွက်ထားတဲ့ Poco ရဲ့ ပထမဆုံး 5G ဖုန်း Poco M3 Pro 5G ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ်ဖြစ်ပြီး screen Size နည်းနည်း ပိုကြီးလာသလို touch sampling rate နဲ့ brightness nit လည်း မြှင့်ထားပါတယ်။ ဒီဖုန်းဟာ ၆.၆ လက်မ FHD+ AMOLED screen နဲ့လာပြီး Poco M3 Pro 5G အတိုင်း 90Hz screen ကို သုံးထားပါတယ်။ 




Photo: GSMArena

brightness nit မှာ အရင်က 400nit ရှိရာကနေ 450nit ထိရလာပြီး touch sampling rate ကိုလည်း 180Hz ကနေ 240Hz တိုးထားပါတယ်။ မှန်ကိုတော့ အကြမ်းခံ Gorilla Glass 3 ပဲ အုပ်ထားပါတယ်။ punch-hole display ဒီဇိုင်းသုံးထားပေမယ့် ကျောဘက်ကင်မရာအိမ်ဟာ အပေါ်ဘက်တစ်ခြမ်းလုံးကို နေရာယူထားတာ တွေ့ရပါတယ်။ ကင်မရာကို ဖုန်းဘယ်ဘက်မှ ကပ်ထားပြီး ညာဘက်အစွန်းမှာ POCO တံဆိပ်တပ်ထားပါတယ်။ 

ကင်မရာအနေနဲ့ Dual Camera စနစ် ဖြစ်တဲ့ 50MP main sensor နဲ့ 8MP Ultra-wide sensor သုံးထားပြီး ဗွီဒီယိုရိုက်ကူးမှုကို1080p 60 fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာဟာ 16MP ကင်မရာနဲ့လာပါတယ်။ POCO စီးရီးတွေဟာ ကင်မရာဖုန်းဆိုတာထက် စွမ်းဆောင်ရည်သွက်ပြီး ဘက်ထရီအားကောင်းတဲ့ ‌တန်ဖိုးသင့်ဖုန်းအဖြစ် နာမည်ကြီးပါတယ်။ 


Photo: GSMArena

Poco M4 Pro 5G မှာလည်း 5G ကွန်ရက်ချိတ်ဆက်မှုလုပ်နိုင်မယ့် 6nm Dimensity 810 chipset သုံးထားပါတယ်။ အကြီးစား 5000mAh ဘက်ထရီသုံးတာကတော့ အရင်မျိုးဆက်နဲ့ အတူတူပဲ ဖြစ်ပြီး Charge Speed ပိုင်းမြှင့်တင်လာပါတယ်။ အရင် Poco M3 Pro 5G မှာ 18W charging သုံးခဲ့ပြီး Poco M4 Pro 5G မှာ 33W adapter ပါလာတာကြောင့် အားအပြည့်သွင်းဖို့ ၅၉ မိနစ်ပဲ အချိန်ယူမယ်လို့ ဆိုပါတယ်။ 

စတီရီယိုစပီကာ ၊ 3.5mm headphone jack နဲ့ microSD card ထပ်စိုက်နိုင်သလို NFC feature လည်း ပါဝင်ပါတယ်။ လက်ဗွေစနစ်ကိုတော့ ဖုန်းဘေးဘောင်ပါဝါခလုတ်ထဲ ထည့်သွင်းထားပါတယ်။ Poco M4 Pro ကို Power Black ၊ Cool Blue နဲ့ Poco Yellow သုံးရောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အနိမ့်မော်ဒယ် 4/64GB ကို ၂၂၉ ယူရို (မြန်မာငွေ ၅ သိန်းခန့်) နဲ့ 6/128GB မော်ဒယ်ကို ၂၄၉ ယူရို (မြန်မာငွေ ၅ သိန်းခွဲနီးပါး) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က