နာမည်ကျော် Razer ဂိမ်းကုမ္ပဏီရဲ့ နည်းပညာပါဝင်တဲ့ မြန်မာငွေ ၅ သိန်းခွဲကျော်တန် OnePlus ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။
OnePlus ရဲ့ Ace Racing Edition သစ်ဟာ OnePlus Ace ကနေ ကွဲထွက်လာတဲ့ မော်ဒယ်ဖြစ်ပြီး Processor ကိုလည်း 5nm Dimensity 8100 Max Chipset ပဲ သုံးထားပါတယ်။ Mali G610 MC6 GPU ၊ LPDDR5 RAM 12GB နဲ့ 256GB UFS 3.1 Storage အထိ ထွက်ထားပါတယ်။ ဘက်ထရီပါဝါကိုလည်း အကြီးစား 5000 mAh သုံးထားပြီး အမြန်အားသွင်းစနစ်ကို 67W SuperVOOC Charging ပံ့ပိုးထားလို့ နာရီဝက်အတွင်း အား ၈၀% အထိ သွင်းပေးနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။
အရင် OnePlus Ace နဲ့ မတူတာက Screen Size နဲ့ Display အမျိုးအစား လျှော့ချလာတာ ဖြစ်ပါတယ်။ OnePlus Ace မှာ ၆.၇ လက်မ AMOLED display သုံးရာကနေ Racing Edition ကိုတော့ ၆.၅၉ လက်မ LCD Display ပြောင်းလဲ အသုံးပြုလာပါတယ်။ Screen Refresh Rate 120Hz ရပြီး Refresh mode ကို 30/48/50/60/90/120Hz ဆိုပြီး ၆ မျိုး ထွက်ထားသလို Touch Sampling Rate ကိုလည်း 240Hz ထည့်ပေးထားပါတယ်။
100% Coverage DCI-P3 Color gamut ပါလို့ Display ရုပ်ထွက် အရည်အသွေးမြင့်ပါတယ်။ Peak Brightness 600nits ရပေမယ့် 10-Bit Panel တော့ မဟုတ်ပါဘူး။ ဂိမ်းကစားရာမှာ တသမတ်တည်း frame rate နဲ့ Run နိုင်ဖို့ HyperBoost နည်းပညာ တစ်ခါတည်း ပါဝင်လာပါတယ်။ PUBG တရုတ်ဗားရှင်းဖြစ်တဲ့ Peace Elite ဂိမ်းကို ၁ နာရီဆက်တိုက် ကစားရာမှာ 89.5 FPS Framerate နဲ့ Stable ကစားနိုင်မယ်လို့လည်း ဆိုပါတယ်။
OnePlus ဟာ နာမည်ကျော် Gaming Brand တစ်ခုဖြစ်တဲ့ Razer နဲ့ ပေါင်းပြီး ဂိမ်းကစားစဉ် ထိတွေ့မှု Haptics စနစ်ကို အဆင့်မြှင့်တင်ထားပါတယ်။ Racing Edition မှာ အကြီးစား X-axis Linear Motor တစ်ခုနဲ့ O-Haptic ဂိမ်းတုန်ခါမှု အထူးပြုလုပ်ချက်တွေပါ ပါဝင်လာမယ်လို့ ဆိုပါတယ်။ နောက်ထပ် ထူးခြားတာက Razer ရဲ့ Special Haptic Tuning စနစ်ပါ ကီးဘုတ် နဲ့လာတာ ဖြစ်ပါတယ်။ ဂိမ်းကစားစဉ်မှာ အရည်အသွေးမြင့် အသံနဲ့ ဘေ့စ်စနစ်အတွက် စတီရီယိုစပီက ၂ လုံး သုံးလာပါတယ်။
ဖုန်းအပူချိန်ကို ထိန်းချုပ်ဖို့အတွက် Liquid Vapor Chamber နဲ့ စိန်အပူခံပြား ၊ သိပ်သည်းဆမြင့် ဂရပ်ဖိုက်တို့နဲ့ ပေါင်းပြီး ထုတ်ထားတဲ့ အလွှာ ၈ လွှာပါ အအေးပေးစနစ်လည်း ပါရှိပါတယ်။ ကင်မရာပိုင်းမှာ ကျောဘက် 64MP Main Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Macro Lens တို့ သုံးထားပြီး ရှေ့ဘက်မှာ 16MP Selfie ကင်မရာတပ်ဆင်ထားပါတယ်။ အရောင်ကိုတော့ Athletics Grey နဲ့ Lightspeed Blue နှစ်ရောင်နဲ့ ဝယ်ယူနိုင်ပြီး Android 12 အခြေခံ ColorOS 12.1 စနစ် သုံးလာပါတယ်။
အနိမ့်ဆုံးဗားရှင်း RAM 8/128GB Storage ကို ၁၉၉၉ ယွမ် (၅ သိန်းခွဲကျော်) ၊ RAM 8/256GB Storage ကို ၂၁၉၉ ယွမ် (မြန်မာငွေ ၆ သိန်းကျော်) နဲ့ RAM 12GB/256GB Storage အတွက် ၂၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်းဝန်းကျင်) ဈေးတွေ သတ်မှတ်ထားပါတယ်။