ကျပ်သိန်းအစိတ်နဲ့ အထက် ဖုန်းတွေပါ

Gaming ဖုန်းတစ်လုံးအဖြစ် အထူးထုတ်ထားတဲ့ Asus ROG စီးရီးထဲက ROG Phone 6G နဲ့ 6G Ultimate တို့ အသစ်ထွက်ရှိလာပါတယ်။ 

ROG Phone 6G နဲ့ 6G Ultimate တို့ဟာ MediaTek Dimensity 9000+ Chipset သုံးတာချင်း တူပါတယ်။ Standard 6D နဲ့ 6D Ultimate မော်ဒယ်နှစ်ခုအကြား ခြားနားချက်က Memory ပမာဏပဲ ဖြစ်ပါတယ်။ Standard Edition ဟာ RAM 16GB / Storage 256GB အထိ ပါရှိပြီး Ultimate မော်ဒယ်ကတော့ 16GB/512GB ဗားရှင်းအထိ ထွက်ပါတယ်။ ကျောဘက်ဒီဇိုင်းပိုင်းမှာလည်း Standard မော်ဒယ်နဲ့ Ultimate မော်ဒယ်တို့အကြား ကွဲပြားမှုရှိပါတယ်။ 





Asus ROG Phone 6D ဟာ RGB LED အလင်းရောင်ထွက်တဲ့ ROG Logo နဲ့ လာပြီး 6D Ultimate Edition ကတော့ ကျောဘက်မှာ ROG Vision ကာလာပါ PMOLED Display တစ်ခု ပါရှိပါတယ်။ အရင် ROG Phone 6 နဲ့ Phone 6 Pro တို့အတွက် ထုတ်ထားတဲ့ Accessories ဟာလည်း Asus ROG 6D နဲ့ 6D Ultimate တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Ultimate မော်ဒယ်တစ်ခုပဲ ကျောဘက်မှာ သီးသန့် AeroActive Portal တစ်ခုနဲ့ လာပါတယ်။ 

AeroActive Portal ဟာ မော်တာစနစ်သုံး ပတ္တာတစ်ခုနဲ့ ဖုန်းအတွင်း ပစ္စည်းအစိတ်အပိုင်းတွေကို အအေးဓါတ်တွေ ထုတ်လွှင့်တော့မှာပါ။ AeroActive Cooler 6 ကို ချိတ်လိုက်တာနဲ့ AeroActive Portal ဟာ အတွင်းခန်းက အပူတွေကို လေပေါက်အတိုင်း ပန်ကာက မှုတ်ထုတ်လိုက်ပြီး အပေါ် slot နေရာကနေ လေပူတွေ ထုတ်ပေးသွားမှာပါ။ အပူစွန့်ပေါက်ဟာ လော့ဂျစ်ဘုတ်နဲ့ ဘက်ထရီဆဲလ်ပေါ် အုပ်ထားတဲ့ အပူခံပြားတွေနဲ့ ချိတ်ဆက်ထားပြီး အတွင်းပစ္စည်းအပူတွေကို လေအေးပေးပြီး အပူထုတ်ပေးသွားမှာပါ။ 

အကြီးစားဂိမ်းတွေ ကစားဖို့ ဒီဇိုင်းထုတ်ထားတဲ့ဖုန်းဖြစ်တဲ့အတိုင်း ကြာကြာဂိမ်းဆော့သူတွေ Frame Rate အမြင့်နဲ့ ကစားနိုင်အောင် ဖုန်းရဲ့စွမ်းဆောင်ရည်လည်း ကျမသွားအောင် အပူစွန့်ထုတ်စနစ်ကို အထူးဒီဇိုင်းထုတ်ထားတာပါ။ ဘက်ထရီပါဝါကိုတော့ ဖုန်းနှစ်မျိုးလုံးဟာ 6000mAh စနစ် သုံးထားပြီး USB Power Delivery ကနေ 65W Fast Charging ပံ့ပိုးနိုင်မှာပါ။ Asus ROG Phone 6D နဲ့ Phone 6D Ultimate တို့ဟာ ၆.၇၈ လက်မ OLED Panel 10bit color depth နဲ့လာပြီး HDR10+ ရုပ်ထွက်နဲ့ 165Hz Refresh Rate တို့ ပါရှိပါတယ်။ 



ကင်မရာပိုင်းမှာ ကျောဘက် 50MP 1/1.56" Sensor ၊ 13MP f/2.2 Ultrawide Sensor နဲ့ 5MP Macro ကင်မရာတို့ သုံးထားပြီး ရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ 12MP Sensor တစ်ခု ပါရှိပါတယ်။ Asus ROG Phone 6D နဲ့ 6D Ultimate တို့ကို Space Gray အရောင်တစ်မျိုးတည်းနဲ့ ထုတ်ထားပြီး ROG Phone 6D ကို ယူကေမှာ ၇၉၉ ပေါင် (မြန်မာငွေ ၂၄ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

AeroActive Cooler 6 တစ်ခါတည်းပါလာတဲ့ ROG Phone 6D Ultimate ကိုတော့ အနည်းဆုံး ၁၁၉၉ ပေါင် (မြန်မာငွေ ၃၅ သိန်းဝန်းကျင်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က