Budget ဖုန်းတန်းအတွက် မြန်မာငွေ ၃ သိန်းခွဲ နဲ့ အထက် ကျသင့်မယ့် Honor Play Series ဖုန်းသစ်နှစ်လုံး ထွက်ရှိလာပါတယ်။
အွန်လိုင်းကနေကျင်းပသွားတဲ့ Honor ရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Honor Play 6T နဲ့ ပိုပြီး Powerful ဖြစ်တဲ့ Honor Play 6T Pro တို့ကို ကြေညာသွားတာပါ။ နှစ်မျိုးစလုံးဟာ 5G ချိတ်ဆက်မှုပါတဲ့ Dimensity Chipset နဲ့လာပြီး ဈေးနှုန်းအားဖြင့်လည်း ဆွဲဆောင်မှုရှိပါတယ်။ Honor Play 6T နဲ့ 6T Pro တို့ဟာ တစ်ခုနဲ့ တစ်ခု ဒီဇိုင်းချင်း မတူသလို ဘက်ထရီ နဲ့ ကင်မရာပိုင်းမှာလည်း ကွဲပြားမှုရှိပါတယ်။
Honor Play 6T ဟာ မျက်နှာပြင် ၆.၇ လက်မ 90Hz LCD Display နဲ့လာပြီး waterdrop notch ဒီဇိုင်း သုံးထားပါတယ်။ notch ထဲမှာ 5MP ကင်မရာ ပါရှိပြီး ကျောဘက် ထောင်လိုက်စတုဂံကင်မရာအိမ်က Honor ဖုန်းတွေထဲမှာ ဒီဇိုင်းသစ်လို့ ဆိုရမှာပါ။ ကင်မရာအိမ်ထဲမှာ 13MP Main Sensor နဲ့ 2MP အရံကင်မရာအပြင် LED Flash တစ်ခုလည်း ထည့်ပေးထားပါတယ်။
Dimensity 700 Chispet သုံးထားပြီး RAM 8GB/128GB Storage နဲ့ ထွက်ထားပြီး Software ပိုင်းမှာ Android 11 အခြေခံ Magic UI 5.0 နဲ့ လာပါတယ်။ ဘက်ထရီပါဝါ 5000mAh အားသုံးထားပြီး အနက် ၊ အပြာ နဲ့ ငွေရောင် သုံးမျိုးနဲ့ လာပါတယ်။ 128GB ဗားရှင်းကို ယွမ် ၁၂၀၀ (မြန်မာငွေ ၃ သိန်းခွဲခန့်) ဈေး သတ်မှတ်ထားပြီး 256GB ဗားရှင်းကို ယွမ် ၁၄၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။
Honor Play 6T Pro လည်း ၆.၇ လက်မ FHD+ 120Hz Display နဲ့လာပြီး ကိုယ်ထည်လေးထောင့်ဘောင်ဒီဇိုင်း နဲ့ Punch-Hole ကင်မရာပေါက် သုံးထားပါတယ်။ ဘေးဘောင်လက်ဗွေစနစ် သုံးထားပြီး သပ်ရပ်တဲ့ ဒီဇိုင်းနဲ့ ပိုပြီး Powerful ဖြစ်တဲ့ Dimensity 810 5G SoC နဲ့ လာပါတယ်။ RAM 8GB အပြင် RAM Turbo Expansion လုပ်ဆောင်ချက်ကြောင့် 2GB အပို ထပ်ရမှာပါ။
ဘက်ထရီပါဝါ 4000mAh ဟာ 40W Honor SuperCharge အမြန်အားသွင်းနည်းပညာ သုံးထားပြီး ကျောဘက်မှာ 48MP Main Sensor နဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Selfie ကင်မရာအနေနဲ့ 8MP ရှေ့ကင်မရာနဲ့ လာပြီး Honor 6T လိုပဲ 3.5mm Headphone Jack ပါရှိပါတယ်။ အနက် ၊ ပန်းရောင်နဲ့ ငွေရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပြီး 8/128GB ဗားရှင်းကို ယွမ် ၁၄၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) နဲ့ 8/256GB ဗားရှင်းကို ယွမ် ၁၆၀၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။