သူကစားနေတဲ့နေရာနဲ့ပတ်သက်လို့ ဆာလာက အခုလိုပဲ ပြောကြားခဲ့တာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူလက်ရှိကစားနေတဲ့နေရာမှာ သူကသာ ကမ္ဘာ့အကောင်းဆုံးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အချက်အလက်မှတ်တမ်းတွေကလည်း ဒါတွေကို သက်သေပြနေတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။



ဒီနောက်ပိုင်းပွဲစဥ်တွေမှာ ဆာလာက လီဗာပူးအတွက် ဂိုးသွင်းခြေစွမ်း ပျောက်ဆုံးနေပြီး အသင်းဖော်တွကို လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကစားတဲ့ပုံစံတွေကြောင့်လည်း လီဗာပူးပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တပတ်လုပ်ခ ပေါင် (၅) သိန်း တောင်းဆိုထားတာကြောင့်လည်း လက်ရှိအချိန်ထိ လီဗာပူးနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်သေးပါဘူး။

ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ဖို့အတွက်တော့ ထိပ်ဆုံးက ပြေးနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆာလာက “ကျနော် ကစားတဲ့နေရာမှာ ကစားတဲ့ အခြားဘယ်သူနဲ့မဆို ခင်ဗျားတို့ နှိုင်းယှဥ်ကြည့်လိုက်ပါ။ ကျနော့်အသင်းမှာတင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာပါ ကျနော်က အကောင်းဆုံးဆိုတာကို ခင်ဗျားတွေ့မှာပါ”

“ကျနော်က ကိုယ့်အလုပ်အပေါ် အမြဲတမ်း အာရုံစိုက်တယ်၊ အကောင်းဆုံး ကြိုးစားတယ်၊ ကျနော့်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေက ကျနော်ပြောတဲ့ စကားတွေကို အကောင်းဆုံး သက်သေပြနေမှာပါ။ ကျနော်က ကိုယ့်အတွက် စိန်ခေါ်မှုအသစ်တွေ ဖန်တီးရတာကို အမြဲတမ်း သဘောကျပါတယ်။ မတူညီတဲ့ ကွဲပြားခြားနားမှုတွေကို လုပ်ပြဖို့က ကျနော့်တာဝန်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆာလာ ပြောဆိုသွားတဲ့စကားက သူ့အနေနဲ့ လီဗာပူးအသင်းဖော်တွေဖြစ်တဲ့ မာနေး၊ ဒီယက်ဇ်၊ ဂျိုတာတို့ထက်ပါ ပိုကောင်းတဲ့သဘောဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ပြောကြားနေကြပါတယ်။ လီဗာပူးဟာ လာမယ့်စနေညမှာ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က